Sunday, March 11, 2012

ရုရှားရောက် ပညာတော်သင်များ ကြိုတင်မဲပေးပြီ

ဒီကနေ့ မတ်လ ၁၁ ရက်နေ့တွင် ရုရှားနိုင်ငံ၌ ပြည်သူ့အကျိုးပြု အဆင့်မြင့် သိပ္ပံပညာ ရပ်များကို သွားရောက် ဆည်းပူး သင်ကြားနေသည့် ပညာတော်သင်များ ကြိုတင်မဲ ပေးရပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ေ ရွးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၅ (က)၊ ပုဒ်မ ၄၆ နှင့် ၄၇ တို့အရ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင် မဲပေးပိုင်ခွင့် ရှိသူများဖြစ်တဲ့ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ၊ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသော မဲဆန္ဒရှင်များ ဟာ ဒီကနေ့မှာ သက်ဆိုင်ရာ မဲရုံများသို့ အသီးသီး သွားရောက် မဲပေးခဲ့ကြကြောင်း သိရပါတယ်။

မဲရုံများနဲ့ စီမံမှု အားလုံးက ပွင့်လင်းမြင်သာပြီး မိမိ ပေးချင်တဲ့ လွှတ်တော် ကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိကြောင်းကို ဒီကနေ့ မဲပေးခဲ့သူ ပညာတော်သင် တစ်ဦးက အခုလို ပြောပြပါတယ်...

"ကျွန်တော့ ကိုယ်တွေ့ကတော့ အားလုံး လွတ်လွတ်လပ်လပ် ပေးလို့ရပါတယ်... မဲပေးခန်းတွေကိုလည်း သေချာ စီမံထားတာတွေ့ရတယ်... ပြီးတော့ မဲလာပေးတဲ့လူတွေ အားလုံးကလည်း ပညာတတ် အဆင့်တန်းရှိသူတွေချည်းဆိုတော့ စီစီရီရီ တန်းဆီပြီး တစ်ယောက်ချင်း ဝင် မဲပေးသွားတာပါပဲ... တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း တစ်ယောက်ချင်းကို အသေးစိတ်သေချာ ရှင်းပြပြီး လွတ်လွတ်လပ်လပ် ရွေးချယ်ခိုင်းပါတယ်...." လို့ပြောပါတယ်။

ဒါ့အပြင် ဘဝမှာ ဒုတိယမြောက် မဲပေးခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ကို ယုံယုံကြည်ကြည်နဲ့ ရွေးချယ် အမှန်ခြစ်ခဲ့ကြောင်းနဲ့ နိုင်ငံခြား သတင်းထောက်လို့ ယူဆရသူများလည်း တွေ့ခဲ့ရကြောင်းကို အခုလို ဆက်ပြောပါတယ်...

"ဟုတ်ကဲ့.... ကျွန်တော် ပေးခဲ့တာကတော့ ပြည်ခိုင်ဖြိုး ပါ ... ဒါက ဒုတိယ အကြိမ်မဲပေးခြင်းပေါ့... ပထမ အကြိမ်တုန်းကတော့ ဝံဿာနု NLD ကို မဲပေးခဲ့ပါတယ်... ပါတီနာမည် သဘောကျလို့ပါ... ကိုယ်စားလှယ်တော့ မမှတ်မိတော့ဘူး.... မဲပေးသူ လူအရေအတွက် ကတော့ မပြောတတ်ဘူးဗျ.... ကျွန်တော် ပေးနေချိန်မှာတော့ ၂၀၀ လောက် ရှိမယ်ထင်တယ်... ဆောင်းတွင်းကြီး နှင်းတွေလည်း ကျနေတာတောင် မဲရုံကို တဖွဲဖွဲ လာနေကြတယ်ဗျ... ပြီးတော့ သတင်းထောက်လား.. သံတမန် တွေလားတော့ မသိဘူး.. ကင်မရာ တွေနဲ့ နိုင်ငံခြားသားတွေလည်း တွေ့ခဲ့ရတယ်.... အားလုံး ပွင့်ပွင့်လင်းလင်းနဲ့ မြင်သာ မှု ရှိပါတယ်.... " လို့ အဆိုပါ ပညာတော်သင် က ပဲ ဆက်ပြောပါတယ်။




(ဓာတ်ပုံ - 
http://www.facebook.com/media/set/?set=a.377933555558793.93777.100000264555844&type=3 )

မဲပေးသူ အများစု က ပြည်ခိုင်ဖြိုး ပါတီကို မဲပေးခဲ့ကြပေမယ့် အခြားပါတီတွေကို ပေးကြသူတွေလည်း ရှိကြောင်းသိရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုတော့ တစ်ယောက်မှ မဲမပေးကြဘူးလို့လည်း သိရပါတယ်။

ရုရှားနိုင်ငံဟာ ကုလ အစည်းအဝေးတိုင်းမှာ မြန်မာနိုင်ငံသားတို့အပေါ် အမြဲ ကာကွယ်ပေးနေသည့်နိုင်ငံဖြစ်ပြီး၊ ရုရှားနိုင်ငံမှာ ပြည်သူလူထု အတွက် အကျိုးပြုစေမယ့် မိုးပျံ မြေအောက် ရထား နည်းပညာများ၊ မိုဘိုင်း နည်းပညာများ နဲ့ အခြား အဆင့်မြင့်နည်းပညာများကို သင်ကြားနေတဲ့ ပညာတော်သင် အများအပြားရှိကြောင်း သိရပါတယ်။


(from - www.myanmarexpress.net မှကူးယူဖော်ပြသည်။ )

No comments:

Post a Comment