Tuesday, February 28, 2012

သိချင်တာလေးတွေ (၁)

ဦးနေ၀င်း အစိုးရလက်ထက်နဲ့ ၁၉၈၈နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွေမှာ ချေးငှား သုံးစွဲခဲ့ လို. မြန်မာပြည်ဟာ အကြွေး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ  တင်နေကြောင်း  အစိုးရက တရားဝင်ထုတ်ပြန်လိုက်တဲ့အခါ အစိုးရအဆက်ဆက်၏ လွဲမှားတဲ့ စီးပွားရေးနဲ. စီမံခန်.ခွဲမှုတွေကြောင့် အာဏာရှင်တွေအုပ်ချုပ်ခဲ့လို့ ဒီလိုဖြစ်ရတာလို့ ပညာရှင်တွေရော မီဒီယာတွေကပါ တစ်လေသံတည်း ဝေဖန်ခဲ့ကြတယ် ။
လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။မြင်သာအောင်ပြောရရင် ဘီလီယံပေါင်း ၁၄၀၀၀ အကြွေးတင်နေတယ် နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေတယ် ကြွေးမြီကအကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆတိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီအထဲမှာတရုတ်ကို  ဘီလီယံ ၇၀၀၀ ကျော် ၊ ဂျပန်ကို ၈၈၆ ဘီလီယံ ဆပ်စရာရှိနေတယ် ။
သူတို့တိုင်းပြည်မှာ စစ်တပ်ကအာဏာသိမ်း အုပ်ချုပ်သွားတာမျိုးမရှိသလို ၊ ဦးနေ၀င်း ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့လည်းအမေရိကားကိုသွားပြီး တွဲဘက်အုပ်ချုပ်ခဲ့တာမရှိပါဘူး ၊ ဘယ်လိုစီမံခန့်ခွဲမှု အမှန်တွေကြောင့် ဒီလောက်အကြွေးတွေ တင်သွားရတာလဲ သိချင်လှတယ် ။
ဒေါက်တာဆိတ်ဖွား
(from - http://www.doctorsatephwar.blogspot.com မှကူးယူဖော်ပြသည်။)

တိုင်းပြည်တိုးတက်နေအောင် လုပ်ဆောင်မည်ဟု ဟစ်ကြွေးသော ဒေါ်အောင်ဆန်းစုကြည်၏ အမူအရာများ



နယ်တကာလှည်.၍ စတိုင်အမျိုးမျိုးဖြင်. မိုက်ခဲနေသော ဒေါ်စုကြည်
အနယ်နယ်အရပ်ရပ် ဒေသသု.ိ လှည်.လည်ကာ စည်းရုံးရေးဆင်းနေသော ဒေါ်စုကြည်  တစ်ယောက် စည်းရုံးရေး နယ်မြေတစ်ခုရောက်တိုင်း သူမ ပါးစပ်ကနေ တိုင်းပြည်တိုးတက်အောင် ကျွန်မ တို.က ဆောင်ရွက်နေတာ ဘဲ ဖြစ်ပါသည် ဟု မကြာခဏဆိုသလို ကြားနေရသည် ကချင်ပြည်နယ် တွင်လည်း ဒေါ်စုကြည် က  အမျိုးသမီးတွေကို မြှောက်စားနေရတာဟာ တိုင်းပြည်တိုးတက်ဖု.ိအတွက်ပါ အမျိုးသမီးတွေမပါဘဲနဲ. ဒီတိုင်းပြည်ကြီးက တိုးတက်မှာ မဟုတ်ဘူး လု.ိ ပြောကြားခဲ.ပါတယ် အားလုံးလက်တွဲကာ တက်တက်ကြွကြွ လုပ်ဆောင်ရင်တော. ကောင်းပါတယ် မြန်မာလူမျိုးတွေ အားလုံးသိကြမှာပါ အင်္ဂလိပ်-မြန်မာ တတိယ စစ်ပွဲ တုန်းက သီပေါမင်း၏ မိဖုရား စုဖုရားလတ် ရဲ.  စကားကြောင်. မြန်မာနိုင်ငံတော်ဟာ သူ.ကျွန်ဘ၀သို. ရောက်ရှိခဲ.ပါတယ် ကင်းဝန်မင်းတရားကြီး၏ လျှောက်တင်ချက်ကို သာ လေးလေးနက်နက် ထား စဉ်းစားပေးမယ်ဆိုရင် ဒီလိုအဖြစ်မျိုး ကိုယ်.ရှင်ဘုရင် တိုင်းတစ်ပါး ကို အကျယ်ချုပ် နဲ. ခေါ်ဆောင်ခံရတာမျိုး ကို ကြုံတွေ.ရမှာမဟုတ်ပါဘူး မ ဖျက်လု.ိ ပြည် ပျက်တယ်ဆိုတဲ. စကားကို အားလုံးကြားဖူးကြမှာပါ ဒေါ်အောင်ဆန်းစုကြည်ဆိုတာဟာ မြန်မာနိုင်ငံရဲ. သမိုင်းကြောင်း မြန်မာ. ရာဇ၀င်ကို သေချာမသိရှာသေးပါဘူး......... :(

(from - http://www.myanmarexpress.net မှကူးယူဖော်ပြသည်။)

Sunday, February 26, 2012

အမေရိကန် စူပါပါဝါကြီးအကြွေးပြန်ဆပ်နိုင်ပါ့မလား….?


အမေရိကန် အစိုးရက ၂ဝ၁၁ ပထမသုံးလပတ် စုစုပေါင်း ပြည်တွင်းထွက်ကုန်-Gross Domestic
Product GDP အစီရင်ခံစာကို လွန်ခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တယ်။ ၂ဝ၁ဝ နောက်ဆုံး
သုံးလပတ်နှင့် နှိုင်းယှဉ်ရင် စီးပွားရေး ကဏ္ဍတိုင်း လိုလိုမှာ ကျဆင်းသွားတာ တွေ့ရတယ်။
၂ဝ၁၁ ပထမသုံးလပတ် ဂျီဒီပီ ကိန်းဂဏန်းတွေက မျှော်လင့်ထားတာထက်တောင်
နှေးကွေးအားပျော့သွားတယ်။ စားသုံးသူများရဲ့ သုံးစွဲမှု ကျဆင်းသွားတယ်။ စီးပွားရေး လုပ်ငန်းတွေရဲ့
သုံးစွဲမှုကလဲ ပြုတ်ကျသွားတယ်။ အိမ်ရာ ဆောက်လုပ်ရေး ကဏ္ဍကလဲ နိမ့်ကျသွားတယ်။ နိုင်ငံခြား
တင်ပို့မှုကလဲ တလိမ့်ခေါက် ကွေးကျသွားတယ်။ ဒီကြားထဲမှာ တက်လာတာ တစ်ခုပဲ ရှိတယ်။ ဒါက
ငွေဖောင်းပွမှု။
ဒီတော့ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်များ အတွင်း စီးပွားရေး ကျဆင်းတဲ့ ကာလမှာ စီးပွားရေး ပြန်လည်နိုးထ
ရှင်သန်ရေးအတွက် အမေရိကန် ဗဟိုဘဏ် Federal Reserve က အမေရိကန် ဒေါ်လာ
တစ်ထရီလီယံလောက် သုံးစွဲခဲ့တာ သိပ်ပြီး ထိထိ ရောက်ရောက်မရှိဘူးလို့ ပြောရမလို ဖြစ်သွားတယ်။
အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Ben Bernanke က စီးပွားရေး နှေးကွေးနေပေမယ့် နောက်ထပ်
နိုးထရှင်သန်ရေး အစီအမံတွေ -Stimulus Package လုပ်မှာ မဟုတ်တော့ဘူးလို့
ထုတ်ဖော်ပြောဆိုခဲ့တယ်။
အခုလို စီးပွားရေးအတွက် အလားအလာ မှေးမှိန်နေချိန်မှာ အိုဘားမား အစိုးရက ၂ဝ၁၂ ခုနှစ်
ဘတ်ဂျက်လျာထားချက် ထုတ်ပြန်ခဲ့တယ်။ လိုငွေ Deficits အမေရိကန် ဒေါ်လာ ၁.၁ ထရီလီယံ
ပြထားတယ်။ ဒီကိစ္စ အတွက်လဲ ပြဿနာ ရှိနေတယ်။ အမေရိကန် အစိုးရက လိုငွေကို
ဖြည့်တင်းဖို့အတွက် ငွေချေးစာချုပ်တွေ ထုတ်ရောင်းပြီး ငွေချေးရတယ်။ တရုတ်ပြည်ဆိုရင်
အမေရိကန်ချေး ငွေစာချုပ်တွေ ဝယ်ယူထားတာ အမေရိကန် ဒေါ်လာ ၁.၃ ထရီလီ ယံဖိုးလောက်
ရှိတယ်။ ဂျပန်နိုင်ငံကလဲ အမေရိကန် ငွေချေးစာချုပ် ဝယ်ယူထားတာ အမေရိကန် ဒေါ်လာ ၈၈၆
ဘီလီယံဖိုး ရှိတယ်။
လောလောဆယ် အမေရိကန် နိုင်ငံရဲ့ အမျိုးသား ကြွေးမြီ-National Debt စုစုပေါင်းဟာ အမေရိကန်
ဒေါ်လာ ၁၄.၂ ထရီလီယံ ရှိတယ်။ နှစ် စဉ်နှစ်တိုင်း ဘတ်ဂျက် လိုငွေပြနေမယ်ဆိုရင် ကြွေးမြီက
အကျမရှိဘူး။ အတက်ပဲရှိတယ်။ အခု အမျိုးသား ကြွေးမြီက ငါးနှစ်ကာလအတွင်း နှစ်ဆ
တိုးမြင့်သွားခဲ့ တာဖြစ်တယ်။ ဒီဆယ်စုနှစ်ကုန်ရင် လက်ရှိ အမျိုးသား ကြွေးမြီဟာ နှစ်ဆတိုးသွားဦး
မယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြတယ်။
အကြွေးဆိုတာက အလကားရတာ မဟုတ်ဘူး။ အတိုးပေးကြရတယ်။ အိုဘားမားရဲ့ ၂ဝ၁၂ ဘတ်
ဂျက်မှာ အတိုးပေးဖို့ လျာထားငွေ တောင် အမေရိကန်ဒေါ်လာ ၂၆ဝ ဘီလီယံရှိတယ်။
အကြွေးများလာလေ အတိုးက တက်လေပဲ။ ဒီတော့ အမေရိကန် အစိုးရတွေက ကြွေးမြီ လျှော့ချရေး
မလုပ်ကြဘူးလားလို့ မေးစရာရှိတယ်။ သူတို့က ကြွေးမြီ လျှော့ချချင်ကြတယ်။ ဒါပေမယ့် အသုံးအစွဲကို
မဖြတ်တောက်ချင်ကြဘူး။
ဘာကြောင့်လဲဆိုတော့ အစိုးရတွေ အနေနဲ့ ဖြတ်တောက်ကြရမယ့် ငွေတွေက ထောက်ပံ့ပေး ကမ်းတဲ့
ငွေတွေ ဖြစ်နေတယ်။ Entitlements လို့ ခေါ်တယ်။ သာဓကအဖြစ် အိုဘားမားရဲ့ ၂ဝ၁၂
ဘတ်ဂျက်ကို ကြည့် ကြရအောင်။ အဲ့ဒီဘတ်ဂျက်ထဲမှာ အမေရိကန်နိုင်ငံက သက်ကြီးရွယ်အို ၄၅
သန်းအတွက် ကျန်းမာရေး ထောက်ပံ့ငွေ-Medicare အမေရိကန် ဒေါ်လာ ၄၉၅ ဘီလီယံ
လျာထားတယ်။ ပြီးတော့ ငွေကြေးမတတ်နိုင်တဲ့ ဆင်းရဲသား သန်း ၅ဝ လောက် အတွက် ကျန်းမာရေး
ထောက်ပံ့ငွေ Medicaid အမေရိကန်ဒေါ်လာ ၃၆၂ ဘီလီယံ လျာထားပါတယ်။ နောက်ထပ်
လူမှုဖူလုံရေး အတွက် ထောက်ပံ့ ငွေ-Social Security အမေရိကန် ဒေါ်လာ ၇၆၇ ဘီလီယံ၊
ဝင်ငွေလုံခြုံ ရေး - Income Security အတွက် ပေးကမ်းငွေ အမေရိကန်ဒေါ်လာ ၅၃၂ ဘီလီယံ
စသည်ဖြင့် လျာထား ငွေတွေရှိသေးတယ်။ အစိုးရက ဒီငွေ တွေကို မဖြတ်တောက်ရဲဘူး။ လာမယ့်
ရွေးကောက်ပွဲမှာ သူတို့ပါတီ မဲမရမှာ စိုးရိမ်တယ်။
ဒီတော့ ကာကွယ်ရေးအသုံး စရိတအတွက် လျာထားငွေ အမေရိ ကန်ဒေါ်လာ ၇၂၄ ဘီလီယံရှိတယ်။
ဒါကိုကော အစိုးရတွေက ဖြတ် တောက်ရဲသလားဆိုတော့ မဖြတ်ရဲဘူး။ ကာကွယ်ရေး ဝန်ကြီးရဲ့
သဘောတူညီချက်နဲ့ မဖြစ်စလောက်ပဲ ဖြတ်တောက်ရဲကြတယ်။ ဒါကြောင့် အမေရိကန်
အစိုးရတွေအနေနဲ့ ကြေွး မြီ လျှော့ချသင့်ကြောင်း သိရှိနေကြ ပေမယ့် လက်တွေ့မှာ အကောင်
အထည်မဖော်ရဲကြဘူး။ အမေရိကန် ပြည်သူတွေကလဲ ကြွေးတွေကို လျှော့ချလိုကြပေမယ့် သူတို့ရဲ့
ရပိုင်ခွင့်တွေကို တစ်ပြားမှ အထိမခံနိုင် ကြဘူး။ ဒီလိုနဲ့ အမေရိကန်နိုင်ငံရဲ့ ကြွေးမြီပြဿနာ
တစ်နေ့ထက် တစ် နေ့ ကြီးထွားလာရတယ်။
လွန်ခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က Standard & Poor's Credit -rating agency က
အမေရိကန်နိုင်ငံဟာ နိုင်ငံခြားချေးငွေတွေကို ပြန်ဆပ်မှ ဆပ်နိုင်ပါ့မလားလို့ စိုးရိမ်မိကြောင်း
ကျယ်ကျယ်လောင်လောင် ပြောဆိုခ့တဲ ယ်။ အစိုးရတွေဟာ ငွေချေးစာ ချုပ်တွေထုတ်ရောင်းပြီး
နိုင်ငံခြား ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူတွေဆီက ငွေချေးယူကြတယ်။ ဒီလို ချေးယူတဲ့ ငွေတွေအပေါ်
အစိုးရအနေနဲ့ ပြန်လည်ပေးဆပ်နိုင်စမွ်းရှိ၊ မရှိ S& P တို့လို အဆင့်သတ်မှတ်ပေးတဲ့ အေဂျင်စီတွေက
အဆင့်သတ်မှတ်ပေး ကြတယ်။ တကယ်လို့ ဒီလို အေဂျင်စီတွေက ချေးငွေပြန်ဆပ်နိုင်စွမ်းအပေါ်
အဆင့်လျှော့ချလိုက်ရင် ဒီငွေချေး စာချုပ်တေအပေါ် အယအကြည်ရှိမှု ကျဆင်းသွားတယ်။
ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေကအတိုး နှုန်းများများနဲ့မှ ငွေချေးမယ်လို့ အကျပ်ကိုင်လာတတ်တယ်။
ငွေချေး စာချုပ်တွေ ထုတ်ရောင်းပြီး ငွေချေးယူတဲ့ နိုင်ငံတွေ အခက်အခဲတွေ၊ အကျဉ်းအကျပ်တွေထဲ
ရောက်သွားနိုင်တယ်။
အခုတော့ S&P က Aမေရိကန် ငွေချေးစာချုပ်တွေအပေါ် အဆင့်လျှော့ မချသေးပါဘူး။ ဒါပေမယ့်
အမေရိကန် နိုင်ငံအနေနဲ့ အကြေွး ပြန်ဆပ်မှ ဆပ်နိုင်ပါ့မလားလို့ အခုလို Rating Agency တစ်ခုရဲ့
အ ထင်သေးအ မြင်သေးခံရတာ ပထမဆုံးအ ကြိမ် ဖြစ်တယ်။ သတင်းက တစ်ကမ္ဘာလုံး
ပျံ့နှံ့သွားတယ်။ တရုတ်က ငွေချေး စာချုပ်တေအ ပေါ် အ မေရိကန် နိုင်ငံက တာဝန်ယူသင့်တယ်လို့
သတိပေးတယ်။ အ ပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအ ဖွဲ့-International Monetary Fund-IMF က
အ မေရိကန် နိုင်ငအ နေနဲ့ အ ကြေွး ပြန်ဆပ်မယ့် မဟာဗျူဟာ တစ်ခု ရေးဆွဲဖို့ တိုက် တွန်းတယ်။
ကမ္ဘာကို ကြီးစိုးလွှမ်းမိုး ဖို့ အ မြဲလိုလို ကြိုးပမ်းအားထုတ်နေ တဲ့ အ မေရိကန်နိုင်ငံအ တွက် မခံချင်
စရာပါပဲ။
ဒါပေမယ့် အ ခြားတစ်ဘက်မှာ တကယ်လို့ အ မေရိကန်နိုင်ငံ ကြွေး ပြန်မဆပ်နိုင်ဖြစ်လာခဲ့ရင် ဘယ်လို
လုပ်မလဲ။ ဘာဖြစ်လာနိုင်သလဲ တွေးကြည့်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ဝ လောက်က
အီဂျစ်နိုင်ငံလိုများ ဖြစ်လာလေမလား။ ဒါမှ မဟုတ် ဒုတိယ ကမ္ဘာစစ်ကြီးအ ပြီး ဗြိတိန်လိုများ
ဖြစ်လေမလား။
လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုနဲ့ ထက်ဝက်လောက်က အီဂျစ်နိုင်ငံဟာ ကမ္ဘာသစ်တစ်ခုပါပဲ။ အမေရိကန်
နိုင်ငံမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်တွင်းစစ် ဖြစ်နေကြတယ်။ တောင်ပိုင်းသားတွေ ဝါဂွမ်းမထုတ်
လုပ်နိုင်တော့ ကမ္ဘာမှာ ဝါဂမွ်းဈေးနှုန်းတွေ ရှစ်ဆလောက် မြင့်တက်သွားတယ်။ ဝါစိုက်ပျိုးတဲ့
အီဂျစ်နိုင်ငံ ချမ်းသာ ကြယ်ွဝသွားတယ်။ အဲဒီခေတ်က အီဂျစ်နိုင်ငံဟာ ဆူဒန်၊ လစ်ဗျားနဲ့
အီသီယိုးပီးယားအထိ ကျယ်ပြန့်တယ်။ ဝါအကြီးအကျယ် စိုက်ပျိုးတယ်။ ဒါကြောင့်
ချမ်းသာကြွယ်ဝလာတဲ့ အီဂျစ်ဟာ ငွေကုန် ကြေးကျများစွာခံပြီး ရထားလမ်းတွေ ဖောက်လုပ်တယ်။
စူးအက်တူးမြောင်း Suez Canal တူးဖော်တည်ဆောက် လုပ်တယ်။ ၁၈၆၉ ခုနှစ်မှာ စူးအက်
တူးမြောင်းဖွင့်ပွဲကို ခမ်းကြီးနားကြီး ကျင်းပခဲ့တယ်။
ဒီလအချိန်မှာ အမေရိကန်ပြည် တွင်းစစ် ပြီးဆုံးသွားတယ်။ မြင့်တက်ခဲ့တဲ့ ဝါဂွမ်းဈေးနှုန်းလဲ ကျဆင်းစ
ပြုလာတယ်။ ချဲ့ကားထားတဲ့ လုပ်ငန်း တေအတွက် အီဂျစ်နိုင်ငံဟာ ငွေချေး ပြီး သုံးစွဲလာရတယ်။
၁၈၆၇ ခုနှစ် နဲ့ ၁၈၇၅ ခုနှစ်ကာလအတွင်း အီဂျစ် ရဲ့ အမျိုးသားကြွေးမြီဟာ ပေါင်စ တာလင်
သုံးသန်းကနေ ပေါင်စတာ လင် သန်း ၁ဝဝ လောကအထိ မြင့် တက်သွားတယ်။ ဝါဂွမ်းဈေးနှုန်းက လဲ
ကျဆင်းသည်ထက် ကျဆင်း လာတယ်။ နောက်ဆုံးတော့ ဝါဂွမ်း ဈေးနှုန်းဟာ အမေရိကန် ပြည်တွင်း
စစ်မတိုင်မီ ပေါက်ဈေးအထိ ကျဆင်း သွားတယ်။
၁၈၇၅ ခုနှစ်ရောက်တော့ အီဂျစ်ဟာ သူပိုင်တဲ့ စူးအက်တူးမြောင်း အစုရှယ်ယာတွေကို ပေါင်စတာလင်
လေးသန်းနဲ့ ဗြိတိန်ကို ရောင်းလိုက်ရတယ်။ မကြာပါဘူး။ ၁၈၇၈ ခုနှစ် ရောက်တော့ အီဂျစ်က
သူ့အကြွေးတွေကို မဆပ်နိုင်တော့ပါဘူးလို့ ကြေညာလိုက်ရတယ်။ ဒါနဲ့ ပြီးသလား ဆိုတော့
မပြီးသေးဘူး။ မြီရှင်တွေ အလိုကျ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပေးရတယ်။ ပြီးတော့ အဲဒီအစိုးရ
အဖွဲ့ထဲမှာ ဗြိတိသျှနိုင်ငံသား တစ်ဦးကို ဘဏ္ဍာရေး ဝန်ကြီးအဖစ် ခန့်အပ်ခဲ့ကြရသေးတယ်။ ၁၈၈၂
ခုနှစ် ရောက်တော့ ဗြိတိသျှ စစ်တပ်က ကျူးကျော်ဝင်ရောက်လာတာနဲ့ အီဂျစ်နိုင်ငံလဲ
ဗြိတိသျှလက်အောက်ခံ ဖြစ်သွားတော့တယ်။ အီဂျစ်ရဲ့ ဖြစ်ရပ် ကတော့ ကြွေးပြန်မဆပ်နိုင်လို့ အချုပ်
အခြာအာဏာပါ လက်လွတ် ဆုံးရှုံး ရတဲ့ သာဓကတစ်ခုပါပဲ။
နောက်သာဓက တစ်ခုကတော့ ဗြိတိသျှ အင်ပါယာကြီး ဖြစ်ပါ တယ်။ အီဂျစ်နိုင်ငံ ကြွေးပင်လယ်ထဲ
နစ်မြုပ်စဉ်က မဟာအခွင့်အရေးကို ဆုပ်ကိုင်ပြီး အဲ့ဒီနိုင်ငံကို မိမိရဲ့ လက်အောက်ခံ နိုင်ငံ
လုပ်ခဲ့ပေမယ့် ဗြိတိန် ကိုယ်နှိုက်က ကြွေးနဲ့ မကင်းခဲ့ဘူး။ ပထမကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ်
ကြီးကာလအတွင်းက အကြွေးတွေ နင်းကန်ယူထားခဲ့တယ်။ အဲဒီ ခေတ်တုန်းက နေမဝင်
အင်ပါယာလို့ ကျော်ကြားထင်ရှားခဲ့တဲ့ စူပါပါဝါနိုင်ငံ ကြီးတစ်ခုပါပဲ။ ဗြိတိသျှ
ခေါင်းဆောင်ကြီးတွေကလဲ သူတို့ ကမ္ဘာကို လွှမ်းမိုးထားနိုင်ဆဲပဲလို့ ယူမှတ် နေကြတယ်။ ဒါပေမယ့်
အကြွေးတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ စူပါပါဝါ လုပ်လို့တော့ မရခဲ့ဘူး။
ဒုတိယ ကမ္ဘာစစ်ကြီးလဲ ပြီးရော ဗြိတိန်နိုင်ငံဟာ အမေရိကန် နိုင်ငံဆီမှာ ကြေွးလည်ပင်း
ခိုက်နေတယ်။ ဗြိတိန်ရဲ့ မဟာမိတ်ကြီးဖြစ် တဲ့ အမေရိကန်နိုင်ငံက မြီရှင်နိုင်ငံ အနေနဲ့ ဗြိတိသျှတွေရဲ့
လည်ပင်းကို တဖြည်းဖြည်း ညှစ်လာတယ်။ အခွင့် အရေးတွေ တစ်ခုပြီးတစ်ခု တောင်း ဆိုတယ်။
ဗြိတိန်ကလဲ မလွှဲမရှောင်သာ အခွင့်အရေးတွေ ပေးခဲ့ရတယ်။
နောက်ဆုံး ဗြိတိသျှ အင်ပါယာကို မပြန်လမ်းပို့လိုက်တဲ့အရာ သူတို့ အင်္ဂလိပ် စကားနဲ့ပြောရရင် The
last nail in the coffin ကတော့ စူးအက် တူးမြောင်းကို အီဂျစ်လက်ထဲ ပြန်လွှဲ ပေးလိုက်ရတဲ့
ကိစ္စဖြစ်တယ်။ အမေရိကန်တွေက အီဂျစ်ခေါင်းဆောင်သစ် ကာနယ် Gamal Abdel Nasser ကို
ဆိုဗီယက်အုပ်စုဘက် ပါမသွား အောင် မျက်နှာလိုမျက်နှာရ လုပ်ချင်တယ်။ ဒါကြောင်
စူးအက်တူးမြောင်းကို အီဂျစ်ပြန်ပေးဖို့ အ မေရိကန် နိုင်ငံက ပြောတော့ ဗြိတိန်က လွှဲပေးလိုက်ရတယ်။
အဲဒီတုန်းက ဗြိတိသျှ ဘဏ္ဍာ ရေးဝန်ကြီး ဖြစ်တဲ့ Harold MacMillan က ဗြိတိသျှ အင်ပါယာ နဲ့
အမေရိကန် နိုင်ငံတို့ဟာ အင်္ဂလန် ဘဏ်ကြီး-Bank of England မှာ အကြီးအ ကျယ်
တိုက်ပွဲဆင်နွှဲခြဲ့က တယ်။ အဲဒီစစ်ပွဲမှာ ဗြိတိသျှ အ င်ပါ ယာ ရှုံးနိမ့်ခဲ့ပါတယ်လို့ ရိုးရိုးရှင်းရှင်း
ဝန်ခံပြောဆိုခ့တဲ ယ်။ နောက်ပိုင်း ကာလမှာ ကမ္ဘာသုံးငွေကြေးဖြစ်နေတဲ့ ဗြိတိသျှ ပေါင်စတာလင်-
Pound Sterling တဖြည်းဖြည်း မှေးမှိန်သွား ပြီး အဲဒီနေရာမှာ အ မေရိကန်ဒေါ်လာ ဝင်ရောက်
မင်းမူလာခဲ့တော့တယ်။ အကြွေးကြောင့် ဗြိတိသျှ အ င်ပါယာ ကြီးလဲ ပြိုလဲသွားတယ်။
ဒါပေမယ့် အဲဒီတုန်းက Harold MacMillan ပြောခဲ့တဲ့ စကားလေး တစ်ခွန်းကတော့
မှတ်သားလောက်ပါတယ်။ သူက ''ဗြိတိန်က ဘယ်လို ခံစားခဲ့ရသလဲ ဆိုတာကို နောင်လာမယ့် နှစ်
၂ဝဝ လောက်အတွင်းမှာ အ မေရိကန်နိုင်ငံကလဲ နားလည် သဘောပေါက်လာမှာပါ''လို့ ဆိုခဲ့တယ်။
အဲဒီနောက်ပိုင်း ၅၅ နှစ်လောက် ကြာသေးတယ်။ နှစ် ၂ဝဝ ပြည့်ဖို့ အ များကြီးတောင် လိုသေးတယ်။
အမေရိကန် စူပါပါဝါကြီးလဲ ကြွေးနွံထဲ နစ်စပြုလာပါပြီ။ ဒီကနေ့ အမေရိကန် နိုင်ငံရဲ့
အမျိုးသားကြေွး မြီက အမေရိကန် ဒေါ်လာ ၁၄ ထရီလီယံကျော် ရှိတယ်။ ပြည်နယ်တေနွ့ဲ
ဒေသန္တရအစိုးရတွေရဲ့ ကြွေးမြီကအ မေရိကန် ဒေါ်လာ သုံးထရီလီယံ။ ပြီးတော့ ပြည်နယ်နဲ့ ဒေသန္တရ
အစိုးရတွေမှာ ပင်စင်စနစ်များအ တွက် လိုငွေပြနေတာကအ မေရိကန် ဒေါ်လာ တစ်ထရီလီယံ
နီးပါးရှိတယ်။ အ မေရိကန် ဖက်ဒရယ်အ စိုးရရဲ့ ဘတ်ဂျက်ကလဲ နှစ်စဉ်နှစ်တိုင်း လို ငွေပြနေတယ်။
အမေရိကန် အစိုးရကလဲ အသုံး အစွဲ လျှော့မချနိုင်။ ပြည်သူတွေက လဲ ငွေစုဆောင်းဖို့ ဝါသနာမပါ။
ဂျပန် နိုင်ငံမှာဆိုရင် ကြွေးမြီက ဂျီဒီပီရဲ့ ၂ဝဝ ရာခိုင်နှုန်းတောင် ရှိနေပေမယ့် သူ့ရဲ့ ကြွေးမြီတွေက
ငွေစုဆောင်း တတ်ကြတဲ့ ပြည်သူတွေဆီက ချေးယူထားတဲ့ ကြွေးမြီ တစ်နည်း
ပြည်တွင်းကြွေးမြီတွေသာ ဖြစ်တယ်။ အမေရိကန်ကြွေးမြီတွေကျတော့ နိုင်ငံခြား ကြွေးမြီတွေ။
တရုတ်ပြည်ဟာ အမေရိကန် နိုင်ငံရဲ့ ငွေချေးစာချုပ်တွေကို အမေရိကန် ဒေါ်လာ ၁.၃ ထရီလီ
ယံဖိုးလောက် ဝယ်ယူထားတယ်။ အဓိပ္ပာယ်ကတော့ တရုတ်က အမေရိကန်ကို အဲသလောက်အထိ
ငွေထုတ်ချေးထားတယ်။ အမေရိကန် နိုင်ငံရဲ့ ဘဏ္ဍာရေး ဥပဒေတွေအရ
ဒီငွေချေးစာချုပ်စာတမ်းတွေကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ပိုင် ခွင့်ရှိတယ်။ တစ်နေ့ တရုတ်က
ဒီစာချုပ်တွေကို ဈေးကွက်ထဲမှာ ထုတ် ရောင်းခဲ့ရင် ဘယ်လိုဖြစ်မလဲ။ ချက်ချင်း အဲဒီ
စာချုပ်စာတမ်းတွေရဲ့ ဈေး နှုန်းတွေ ထိုးကျသွားနိုင်တယ်။ ဒီလို ဈေးနှုန်းစိုက်ကျသွားရင် ငွေချေး
စာချုပ်စာတမ်းတွေ ဝယ်ယူထားကြတဲ့ အခြားနိုင်ငံတွေကလဲ သူ့ထက်ငါ အလျင်အမန်
ထုတ်ရောင်းကြတော့မယ်။ အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေး ဈေးကွက် ဝရုန်းသုန်းကား ဖြစ်သွား
နိုင်တယ်။
ဒီကနေ့ခေတ်မှာ အမေရိကန် နိုင်ငံရဲ့ ငွေချေးစာချုပ်စာတမ်း-Treasuries တွေကို
လုံခြုံစိတ်ချရဆုံးဆိုပြီး အခြားနိုင်ငံတွေက ဝယ်ယူ ကိုင်ဆောင်ထားကြတယ်။ ဘဏ္ဍာရေး ကမ္ဘာမှာ
ဒီငွေချေး စာချုပ်စာတမ်းတွေက ရွှေပဲ။ ၂ဝဝ၈ ခုနှစ်၊ စက်တင် ဘာလက Lehman Brothers
ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီး ပြိုလဲသွားတဲ့အ ခါ ပုဂ္ဂလိက ငွေရှင်ကြေးရှင်တွေက ဒီအစိုးရ ငွေချေးစာချုပ်
စာတမ်းတွေကို အပြေးအလွှား ဝယ်ယူစုဆောင်း ထားခဲ့ကြတယ်။ ဒီစာချုပ်စာတမ်း တွေကို
ဘဏ္ဍာရေးနယ်ပယ်မှာ အဲဒီ လောက် အထွတ်အမတ်ထားကြ တယ်။
စောစောက ပြောသလို အမေရိ ကန်နိုင်ငံကို ပြဿနာရှာတဲ့ သဘောနဲ့ တရုတ်က သူတို့လက်ဝယ်
ကိုင်ဆောင်ထားတဲ့ Treasuries တွေကို ထုတ်ရောင်းခဲ့မယ်ဆိုရင် အမေရိကန် Treasuries တွေ
အရည်ပျော်ကျ သွားနိုင်တယ်။ ဒါနဲ့အ တူ အမေရိကန် ဒေါ်လာဆိုတာလဲ နယူတန်ပန်းသီး Newton's
Apple လို မြေပေါ်ပြုတ်ကျ သွားနိုင်တယ် မဟုတ်လား။
Ref: 1. Sebastian Mallyby; "The Politics of Debt" Time, May 9, 2011. 2. Stephen Gandel
;"Is the Recovery Over;" Time, May 16, 2011.
မင်းရွှေမောင်
(from - http://www.doctorsatephwar.blogspot.com/ )

Sunday, February 19, 2012

ပြည်ပရောက်မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ရင်တွင်းစကား (အမေး-အဖြေ)


-ခင်ဗျားအနေနဲ့ အခုကြားဖြတ်ရွေးကောက် ပွဲမှာဘယ်သူ့ကိုနိုင်စေချင်လဲ?
တိုင်းပြည်၇ဲ့အနာဂါတ်အတွက် ဒေါ်စုကိုနိုင်စေချင်တယ်။
-အမေစုရဲ့နိုင်ငံရေး ဒသနတွေကို ယုံကြည်လို့လား?
သူ့မှာ ဒသနတွေ၇ှိလို့လား.
-အမေစုရဲ့ လုပ်ရည် ကိုင်ရည်ကိုကြိုက်လို့လား?
ဘာမှ မှ မလုပ်၇သေးတာကို.
-အမေစုက တိုင်းပြည်လွတ်လပ်ရေးဖခင်ကြီး ၇ဲ့သမီးဖြစ်နေလို့လား?
အဖေက ဆ၇ာဝန်ဆိုတာနဲ့ သားကဆရာဝန်ဖြစ်မှာသေချာလို့လား.
-ဒါဆို အမေစု ၇ဲ့တိုင်းပြည်အပေါ်အနစ်နာခံပြီးလုပ်နေတဲ့ စိတ်ကိုကြိုက်လို့လား?
သူအာဏာရဖို့လုပ်နေတာမဟုတ်ဘူးလား.
-အမေစု အာဏာ ရရင် ဒါမှမဟုတ် လွတ်တော်ထဲရောက်ခဲ့ရင်အမျိုးသားစည်းလုံးညီညွတ်ရေးလုပ်မယ်ဆိုတာကို ယုံကြည်လို့လား?
သူ့ရဲ့ ပါတီထဲမှာတောင် သဘောထားတွေဒီလောက်ကွဲနေတာကိုဗျာ.
-ဒါဆို ဘာလို့ အမေစုကိုနိုင်စေချင်တာလဲ?
အော် ဒါလား.. ကျွန်တော်ထင်တယ်ဗျာ.. သူ့ပါတီသာ.မနိုင်ရင် အခုကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲ က မမျှတဘူးလို့ နိုင်ငံတကာကိုပြောမှာသေချာတယ်.
အဲ့အခါကျ၇င် နိုင်ငံတကာက ကျွန်တော်တို့အပေါ် ကူညီတာတွေ.. ရပ်သွားမှာရယ်..
ဒီရွေးကောက်ပွဲမမျှတဘူးဆိုပီး.. စီးပွားရေးပိတ်ဆို့ထားတာတွေ ဆက်ထားမယ်ဆိုရင်
အခုသမ္မတကြီး ဦးသိန်းစိန် ကြိုးစားနေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးရင်ဘောင်တန်း
နိုင်အောင် လုပ်မယ်ဆိုတဲ့ မျှော်လင့်ချက်ကြီး နှောင့်နှေးသွားမှာကြောက်လို့ပါ..
-အဲ့လိုဘာလို့ပြောနိုင်တာလဲ? ခင်ဗျားအထင်ကိုပြောနေတာလား?
ကျွန်တော်ထင်တာမဟုတ်ဘူးဗျ. ကျွန်တော်မြင်တာ.
ခင်ဗျားတို့လည်းကြားမှာပေါ့. မန္တလေးမှာ ဟောပြောမယ့်အစီအစဉ်ပျက်သွားတုန်းက
သူတို့ငှားတဲ့ ဗထူး အားကစားကွင်းမရတာကို တောင် ဦးဇော်ဇော်နဲ့ အစိုးရ ပေါင်းပြီး
သူတို့ကိုမငှားသလို မျိုးဖြစ်အောင်လုပ်သေးတာဘဲဗျာ.
-ဟုတ်ကဲ့ ခင်ဗျားအနေနဲ့ အမေစု ဟောပြောတဲ့မိန့်ခွန်းတွေအပေါ်ဘယ်လိုမြင်လဲခင်ဗျ?
ဟုတ်ကဲ့ အမှန်တိုင်းပြောမယ်နော်... ဟဲဟဲ... နားထောင်လို့တော့ကောင်းတယ်ဗျ..
ကျွန်တော်သိတာက ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားတုန်းက သူ့အသက် ၂ နှစ်သမီး
ဘဲ၇ှိသေးတယ် လို့ထင်တယ်..ဒါပေမယ့် သူဟောပြောတဲ့အခါတွေမှာ
"ဖေဖေ ပြောသွားဖူးတယ်.. ဖေဖေပြောဖူးတယ်......ဖေဖေ၇ှိတုန်းက ..."
အဲ့ဒါတွေက ကျွန်တော်နားထောင်ဖူးတဲ့ ဟောပြောပွဲတိုင်းနီးပါးပါတယ်လို့ထင်တယ်...
ကျွန်တော်တို့လူငယ် စကားနဲ့ပြောရင်တော့ ဖေဖေ နဲ့လုပ်စားနေတယ်လို့တော့ထင်တယ်ဗျာ..
ဟဲဟဲ..
-ဒါဆိုခင်ဗျားက အမေစုကို အရည်ချင်းမရှိဘူးလို့ပြောချင်တာလား?
အရည်ချင်းရှိလို့ဘဲ .. တတိယကမ္ဘာစစ်မဖြစ်အောင် လုပ်ပေးခဲ့တဲ့ .. ကမ္ဘာက လွတ်လပ်ရေးဗိသုကာ
ကြီးလို့ပြောတဲ့ ကျွန်တော်တို့မြန်မာလူမျိုး ဦးသန့်တောင်မရခဲ့တဲ့.. ငြိမ်းချမ်းရေးနိုဘယ်လ် ဆုကို သူ ၇ထားတာမ ဟုတ်ဘူးလား..
ဟုတ်ကဲ့အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ.
ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်..

(from Facebook)