Tuesday, September 13, 2011

Guardian သတင်းစာကြီးက ဒေါ်လာစားများ အမွှမ်းတင်နေကြသော The Lady ရုပ်ရှင်ကို ချာတူးလန် ဟုဝေဖန်

ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀အကြောင်း The Lady ရုပ်ရှင်ကတော့ ပေါ့ပေါ့ပျက်ပျက်နဲ့ ဘာခံစားချက်မှလည်းမပေး၊ သာမန် အရပ်သူတယောက်ရဲ့ ရုပ်ရှင်ကား တကားမျိုးထက် ဘာမှ မပိုဘူးလို့ The Guardian သတင်းစာက ဝေဖန်ပါတယ်။
 စကားပြောခန်းတွေက အသက်မပါ၊ သရုပ်ဆောင်ချက်တွေကလည်း ခံစားချက် ကင်းမဲ့နေလို့၊ ရုပ်သံဇာတ်လမ်းတွဲ အဖြစ်နဲ့တောင် ပရိတ်သတ်ရဖို့ ခက်မယ်လို့ မှတ်ချက်ပေးပါတယ်။
ဒီနှစ်ထဲမှာ အချာဆုံး ဇာတ်ကားတွေဖြစ်တဲ့ Madonna ရိုက်ကူးတဲ့ W.E ရုပ်ရှင်။ Roland Emmerich ရဲ့ Anonymous။ အခု The Lady ရုပ်ရှင်သုံးကားမှာ The Lady က အချာတကာ့ အချာဆုံးလို့ ဆိုပါတယ်။
ဇာတ်လမ်းဖွင့်ဖွင့်ချင်း ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အခန်းနဲ့ စလိုက်တာကိုက ဒီဇာတ်ကားနဲ့ မဆိုင်သလိုပဲလို့ မှတ်ချက်ပေးပါတယ်။ တခါ အဲဒီကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေဆီကို ခုန်ကူးသွားပြီး၊ အောက်စ်ဖို့ ဆေးရုံက အခန်းတခန်း၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲလစ် (David Thewlis) တယောက် နောက်ထပ် အလွန်ဆုံး ၅ နှစ်ပဲ အသက်ရှင်ရတော့ မယ်ဆိုတဲ့ သတင်းဆိုးကို ကြားတဲ့ ဇာတ်ဝင်ခန်း။
အဲဒီနောက် မိုက်ကယ်အဲလစ်ရဲ့ အမွှာဖြစ်တဲ့ David Thewlis က မိုက်ကယ် အဲလစ်ဆီကို လူနာလာကြည့်ဖို့ရောက်လာ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ခေါ်ဖို့ အကြံပြုတာကို မိုက်ကယ်အဲလစ်က မကြား။ လွန်ခဲ့တဲ့ ၁၀ နှစ်က ယောက္ခမဖြစ်တဲ့ ဒေါ်ခင်ကြည် အသည်းအသန်ဖျားတဲ့ အချိန်ကို ပြန်ပြောင်း သတိရတဲ့ နောက်ကြောင်းပြန် ပြကွက်တွေဆီ ရောက်သွား။
နောက် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေ...။
မြန်မာပြည်မှာ အဓိကရုဏ်းတွေဖြစ်လာတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပညာတတ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ဖို့ မေတ္တာရပ်နေကြတဲ့အချိန်၊ တဖက်မှာ အစိုးရကလည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ရက်ရက်စက်စက်နှိမ်နင်းနေ။
ဇာတ်လမ်းက အောက်စဖို့နဲ့ မြန်မာပြည်၊ နောက်တခါ မြန်မာပြည်က လူထုတွေ တခဲနက် ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းထောင့်ဆိုင်တဆိုင်မှာ စပျစ်သီးခြောက်ဝယ်နေပုံရတဲ့ မိုက်ကယ် အဲလစ်တို့ကို တလှည့်စီ ပြပါတယ်။
ဒါပေမဲ့ ထူးဆန်းတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲလစ်တို့ရဲ့ ဘ၀နောက်ကြောင်းတွေ ဘာတခုမှ မပါတာပါ။ နောက်ထပ် ဘာမှ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေ မပါတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်က လူထု ခေါင်းဆောင် ဖြစ်လာ၊ ဒါကို မိုက်ကယ်အဲလစ်က ထောက်ခံ။ ထောက်ခံတာကလည်း ဘောလုံးပွဲ တပွဲကို အားပေးသလိုမျိုး။ တဘ၀လုံး အန္တရာယ်ကျရောက်တော့မယ့် လှလှပပ (ဇနီးသည်) တယောက်ကို ထောက်ခံတဲ့ ပုံစံမျိုးမဟုတ်။
ဇာတ်လမ်းထဲက ဆွေးနွေးချက်တွေက တိုနှံ့နှံ့၊ ကလီရှေး။ ဗိုလ်ချုပ်ကြီးကိုလည်း အာဃာတကြီးကြီး၊ အယူသည်းသည်းနဲ့ ဗေဒင်ဆရာ ညွန်ကြားတဲ့အတိုင်း ဆုံးဖြတ်ချက်တွေ ချတတ်တဲ့ ယူဂန်ဒါသမ္မတဟောင်း Idi Amin ပုံစံမျိုး ပုံဖော်၊ ဒါတွေပါပဲတဲ့..။
ဒေါ်အောင်ဆန်းစုကြည်က အနစ်နာခံတဲ့လမ်းကို ဘာကြောင့်ရွေးပြီး၊ ခင်ပွန်းဖြစ်သူက ဘာကြောင့် ခွင့်ပြုသလဲဆိုတာတွေကိုလည်း ရုပ်ရှင်တကားလုံးမှာ တခါမှ ရှင်းမပြ။ မှန်ကန်တဲ့ လုပ်ရပ်ဆိုရင် ဘာကြောင့် မှန်ကန်မှန်းလဲ ပရိသတ်က မသိရ။
ဒေါ်အောင်ဆန်းစုကြည် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ရဲ့ သရုပ်ဆောင်ချက်က မြင့်မြတ်ပေမယ့် ထီးထီးကြီး။ မင်းသား David Thewlis က ကြိုးစားပေမယ့်လည်း ဇာတ်ရုပ်နဲ့ သူနဲ့က မလိုက်ဖက်။
အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို ဇာတ်လမ်းထဲမှာ ဇာတ်လမ်းကျောရိုးနဲ့ မဆီလျော်ဘဲ ဂွကျကျထည့်ထားတဲ့ ကိစ္စအပြင်၊ ဒီဇာတ်လမ်းထဲက မိဘနဲ့ သားသမီးတွေကြားက ဆက်ဆံရေးပြကွက်တွေကလည်း လက်ခံနိုင်စရာ မရှိဘူးလို့ သဂါဒီယန်းက မှတ်ချက်ပေးပါတယ်။
တကယ်တမ်း အသက်ဝင်တဲ့ ဇနီးမောင်နှံအကြောင်းရိုက်တဲ့ ဇာတ်ကားက အသက်ဝင် နေဖို့ကောင်းပေမယ့် အခု The Lady ရုပ်ရှင်ကို ရိုက်ထားပုံကို ကြည့်လိုက်ရင်၊ ဇာတ်ကားနာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် စူပါစတား အိမ်ရှင်မ Aung San Suu Kyi: Housewife Superstar လို့သာ နာမည်ပြောင်း သင့်တယ်လို့ သဂါးဒီးယန်းက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။
တနင်္လာနေ့ (စက်တင်ဘာ ၁၂) မှာတော့ The Lady ကို ကနေဒါရုပ်ရှင်ပွဲတော်မှာ စပြပါတယ်။ မကြာခင်မှာ တကမ္ဘာလုံးကို ရုံတင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Yeoh ကတော့ မီဒီယာနဲ့ ပရိသတ်ကအားပေးရင် အော်စကာဆုရဖို့ မျှော်မှန်းထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဖူးပါတယ်။
မြန်မာသရုပ်ဆောင်တွေအတော်များများလည်း ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားကြတာရယ်၊ မြန်မာပြည်အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားဖြစ်လို့ မြန်မာပရိတ်သတ် အတွက်တော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကား ဆိုတာကတော့ သေချာပါတယ်။
မြန်မာလူထုခေါင်းဆောင်ကိုလည်း အားနာပါရဲ့...။ တကယ်ကြည့်ပြီး တော့မှပဲ ဂါးဒီးယန်းသတင်းစာက ပြောတဲ့အတိုင်း ဟုတ်မဟုတ်၊ ကိုယ်တိုင် အကဲဖြတ်ကြပါတော့ဗျို့...။

ညီစောလွင်
ရည်ညွန်း -- www.guardian.co.uk



(http://www.maukkha.org/index.php?option=com_content&view=article&id=1811:-the-lady-&catid=120:2010-10-11-07-37-22&Itemid=374)  မှကူးယူဖော်ပြသည်

Sunday, September 4, 2011

ဇာတ်လိုက်ကျော်အမေရိကန်

ကမ္ဘာပေါ်မှာ စစ်သုံးစရိတ်အများဆုံးနိုင်ငံက အမေရိကန်နိုင်ငံကြီးဖြစ်ပါတယ်။
သူများအစိုးရတွေ စစ်သုံးစရိတ်များလို့ ဝေဖန်ရင် လည်း ထိပ်ဆုံးက ဝေဖန်တဲ့သူက လည်း အဲ့ဒီ့ကိုေ၇ွှအမေရိကန်ကြီးဘဲဖြစ်ပါတယ်။
ကိုေ၇ွှအမေရိကန်ကြီးကအမြဲတမ်းပြောပါတယ်။အထူးသဖြင့်လူစုံတဲ့အခါမျိုးပေါ့(သတင်းစာရှင်းလင်းပွဲတို့၊ကုလသမဂ္ဂအထွေထွေညီလာခံ)
တို့လိုနေရာမျိုးတွေမှာပေါ့ လူ့အခွင့်ေ၇းတို့ ၊ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ ၊လူသားချင်းတန်းတူဆက်ဆံ၇မယ်တို့။ ကိုေ၇ွှအမေ၇ိကန်ကြီးကပြောသာပြောတာ
လက်တွေ့အလုပ်နဲ့တော့ ဆန့်ကျင်ဘက်ကြီးဖြစ်နေပါတယ်.။ သူပြောသလိုမျိုး လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိတာကို လက်ခံပါတယ်။
လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိ၇င်။ လူတိုင်းဟာကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၇ှိမှာပါ။ လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိ၇င် မိသားစုတစုမှာလည်း
မိသားစုပိုင်လွတ်လပ်ခွင့်တော့၇ှိမှာပေါ့။ ကိုယ့်မိသားစု အိမ်တွင်းေ၇းကိုယ့်ဘာသာ ဘဲဖန်တီးကြရမှာပေါ့။ အဲ့လိုမိသားစုတိုင်းမှာလွတ်လပ်ခွင့်၇ှိ၇င်
၇ပ်ကွက်တခုလုံး ၊ တမြို့လုံး၊ တနိုင်ငံလုံး မှာသူတို့လွတ်လပ်ခွင့်နဲ့ သူတို့ ကြမ္မာဖန်တီးခွင့်သူတို့မှာ၇ှိမှာပါဘဲ။ နိုင်ငံရဲ့ ပြည်တွင်းရေးကို အဲ့ဒီနိုင်ငံကလူ
တွေနဲ့ အဒီ့နိုင်ငံရဲ့အစိုးရ ဘဲဖြေရှင်း၇မှာဖြစ်ပါတယ်။ အဲ့ဒါမှလည်း ကိုရွှေအမေရိကန်ကြီးပြောတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာမျိုးဖြစ်လာမှာပေါ့ ။ ဒါပေမယ့် ဇာတ်လိုက်ကျော်
ကိုရွှေအမေရိကန်ကြီးက တော့ စင်ပေါ်မှာဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်တို့၊ လူ့အခွင့်ေ၇းတို့ ဆိုပီးအော်တာပါ။ တကယ်တမ်းလက်တွေ့မှာ တော့ နိုင်ငံတိုင်းရဲ့
ပြည်တွင်းရေးကို သူဝင်ေ၇ာက်ချယ်လှယ်ပြီး ဆုပ်ကိုင်ထားခြင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် အခုလက်၇ှိ လစ်ဗျားလိုနိုင်ငံမျိုးကိုဘဲကြည့်ပါဦး သူ့နိုင်ငံပြည်
တွင်းရေးကို သူကိုယ်တိုင် ဖြေရှင်းလို့မရတော့ပါဘူး၊ ကျွန်တော်တို့ ရဲ့ဇာတ်လိုက်ကျော်ကြီးက သူ့၇ဲ့ ခါးပိုက်အိပ်ထောင်တပ်ကြီးဖြစ်တဲ့ NATO(North Atlantic Treaty Organization)
အဖွဲနဲ့ လစ်ဗျားနိုင်ငံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကဲ သူပြောတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဘယ်ေ၇ာက်သွားပြီလဲ။ နေတိုး အဖွဲ့တွေ လေကြောင်းက တိုက်ခိုက်၇တာ
လစ်ဗျားနိုင်ငံအစိုးရကြောင့် လစ်ဗျားပြည်သူတွေ အများကြီးသေတာကို လူသားချင်းစာနာထောက်ထားလို့ဆိုပီး ပြောခဲ့ပါတယ်။  ဒါပေမယ့်လက်တွေ့မှာတော့ နေတိုးအဖွဲ့တွေရဲ့
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ၇ာနဲ့ချီပြီးသေဆုံးနေပါတယ်။ ဒါ ပေမယ့်ဇာတ်လိုက်ကျော်ကြီးကတော့ အဲ့ဒီအကြောင်းတွေမျက်ကွယ်ပြုပီး ကဒါဖီ အစိုး၇ပြုတ်
ကျရေးဆိုပြီး အသံလွှင့်ပြီး ဆက်လက် တိုက်ခိုက်နေတုန်းဘဲဖြစ်ပါတယ်။ ပြည်သူတွေလည်းဆက်လက်သေဆုံးနေတုန်းဘဲဖြစ်ပါတယ် ။ ဇာတ်လိုက်ကျော်ကြီး ရဲ့ အဓိကရည်၇ွယ်ချက်
ကတော့ ကဒါဖီအစိုး၇ဖြုတ်ချေ၇းထက် သူရဲ့လက်ဝေခံနိုင်ငံတနိုင်ငံ တိုးေ၇းနဲ့ ကမ္ဘာပေါ်မှာ အဓိက လောင်ဆာဖြစ်တဲ့ ရေနံစိမ်း ၇၇ှိေ၇းဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ဇာတ်လိုက်ကြီး
က သူအတွက်အကျိုးအမြတ်မ၇ှိ၇င် ဘာမှမလုပ်ပါဘူး။ သူအတွက်အကျိုးအမြတ်မ၇ှိဘူး ဆို ဘယ်နိုင်ငံ ဘယ်လောက်ဘဲဆိုးဆိုး အဲ့ဒီနိုင်ငံ အဲ့ဒီ ဒေသအတွက် စိုးရိမ်မိတယ်ဆိုသ လောက်ဘဲ
ပြောပါတယ်။ ဥပမာ မြောက်ကို၇ီးယားလို့ နိုင်ငံမျိုးကို ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး က ဘယ်တုန်းကမှ ၀င်တိုက်မယ်လို့မပြောဖူးပါဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးက ကောင်းကောင်း
သိပါတယ် အဲ့လိုနိုင်ငံမျိုးကို တိုက် လို့၇ှိ၇င် ဘာမှ ၇မှာမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ အဲ့ဒီအတွက် ဘယ်တော့မှ သူမတိုက်ပါဘူး။ တခုတော့၇ှိတယ် သူကိုယ်တိုင်မတိုက်ပေမယ့်
သူများကိုတော့တဖက်လက်နဲ့လှည့်ပီး တိုက်ခိုင်းနေပါတယ် ။ တောင်ကို၇ီးယားနဲ့ပူးပေါင်းပီး မြောက်-တောင် ကို၇ီးယား နယ်စပ်မှာ စစ်ေ၇းလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ အဲ့ဒါ ကျွန်တော်တို့
ဇာတ်လိုက်ကျော်ကြီး ရဲ့ မဟာဗျူဟာဘဲဖြစ်ပါတယ်။ အခုကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်ေ၇နံအထွက်နှုံး ဆို၇င်လည်း လစ်ဗျားနိုင်ငံ လို ထိပ်ဆုံးစာ၇င်းထဲမှာမပါပါဘူး။ ကျောက်စိမ်းဆိုလည်းဒီလိုပါဘဲ။
အဲ့ဒီ့အတွက် ကျွန်တော်တို့နိုင်ငံကို ဇာတ်လိုက်ကြီးက ဘယ်တော့မှ ၀င်မတိုက်ပါဘူး။ သို့ပေမယ့် ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက ကျွန်တော်တို့ဆီက ရချင်တာတခုတော့၇ှိပါတယ်။
အဲ့ဒါဘဲလဲဆိုတော့ ကျွန်တော်တို့နိုင်ငံ ကိုချကျွေပြီး တ၇ုတ်နိုင်ငံ ၇ဲ့ တိုးတက်မှုနှုံး ကို ထိန်းချုပ်ချင်တာပါ။ တ၇ုတ်နိုင်ငံကိုပူးသတ်ချင်တာပါ ။ အဲ့ဒါက ဘယ်လိုမျိုးလည်းဆို၇င် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား တာ နယ်စပ်ဒေသတွေ မှာ ဆူပူပြီး ခွဲထွက်
ခွင့်တောင်းတဲ့အခါ ပြတ်ပြတ်သားသား မထိမ်းချုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ပြတ်ပြတ်သားသားမထိန်းချုပ်ခဲ့တာလဲဆို၇င် အဲ့ဒီ အချိန်မှာ ရုရှားကို အုပ်ချုပ်တဲ့ သမ္မတ ဂိုဘာေ၇ှာ့ ဟာ ငြိမ်းချမ်းေ၇း
နိုဘယ်လ်ဆု၇ထားလို့ပါဘဲ။ အဲ့ဒီ လိုပါဘဲ တ၇ုတ်လိုနိုင်ငံမျိုးကို တိုးတက်မှုနှောင့်နှေးအောင် လုပ်ဖို့အတွက်ဆို၇င် တ၇ုတ်ရဲ့နယ် စပ် ဒေသတွေ မတည်ငြိမ်ဖြစ်အောင် အ၇င်ဆုံးလုပ်၇မယ်ဖြစ်ပါတယ် ။ အဲ့လိုမတည်ငြိမ်တာ ဟာ တ၇ုတ်နိုင်ငံရဲ့တိုးတတ်မှုကို ဆုတ်ယုတ်စေ
မှာပါ။  အဲ့ဒီ့အတွက် တ၇ုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ နဲ့ မြောက်ကို၇ီးယား နိုင်ငံ တွေ ဟာ ကျွန်တော်တို့ဇာတ်လိုက်ကြီး ၇ဲ့ နယ်၇ုပ်လေးတွေဖြစ်လာပါတယ်။ နယ်၇ုပ်လေးတွေဖြစ်
တဲ့ ကျွန်တော်တို့နိုင်ငံနဲ့ မြောက်ကို၇ီးယားနိုင်ငံတွေကို သူတို့သြဇာခံနိုင်ငံဖြစ်အောင်လို့ လုပ်ဖို့က သူ့ရဲ့ပထမ ခြေလှမ်းဘဲဖြစ်ပါတယ်။ အဲ့ဒီအတွက်  မြောက်ကို၇ီးယားနိုင်ငံကို တောင်ကို၇ီးယားနဲ့ ၇န်တိုက်ပေးပါတယ်။
မြောက်ကို၇ီးယားကို ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်သွယ်လို့မ၇အောင်လို့ အမျိုးမျိုးခေါင်းစဉ် တပ်ပြီး ကမ္ဘာ့ နိုင်ငံတွေရဲ့အပြင်ဘက်ေ၇ာက်အောင် တွန်းပို့ပါတယ်။ အဲလိုမျိုး ဘဲ ကျွန်တော်တို့နိုင်ငံကို လည်း မတည်မငြိမ်ဖြစ်အောင်
ရည်၇ွယ်ချက်၇ှိ၇ှိ စီစဉ်ပါတယ်။ နယ်စပ်တွေမှာ ဒုက္ခသည် စခန်း အမည် ခံ သောင်းကျန်းသူတွေအတွက် အခိုင်အမာစခန်းတွေဆောက်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးဗိသုကာကြီးလို့ပြော၇လောက်တဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းေ၇းမှူးချုပ် လုပ်ခဲ့ဖူးတဲ့ ဦးသန့်တောင် မရခဲ့တဲ့ နိုဗယ် ဆုကို ဘာတခုမှ မယ်မယ်ရရ မလုပ်ရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုပေးလိုက်ပါတယ်။ အဲ့ဒီလိုပေးလိုက်တာ ဟာ ကျွန်တော်တို့နိုင်ငံကို
ချယ်လှယ်ဖို့အတွက် ဇာတ်လိုက်ကျော်ကြီး ၇ဲ့ ပထမဆုံးေ၇ွ့တဲ့ အကွက်ပါဘဲ။ အဲ့လိုဒေါ်အောင်ဆန်းဆုကြည် နိုဗယ် ဆု၇သွားတဲ့အတွက် ဒေါ်အောင်ဆန်းဆုကြည်သာ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်လိုက်၇င်
ရုရှားကို ဂိုဘာရှော့ အုပ်ချုပ် ခဲ့စဉ် အခါက အစိပ်စိပ်အမွှာမွှာ ကွဲထွက်သလိုမျိုးကွဲထွက်မှာ အသေအချာဘဲဖြစ်ပါတယ်။ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း၊၀ စတဲ့ ဒေသအသီးသီးက ခွဲထွက်ခွင့်တောင်းတဲ့
အခါကျ၇င် ငြိမ်းချမ်းရေးနိုဗယ်ဆုကြီး ဖင်ခုထိုင်ထားတဲ့ ဒေါ်အောင်ဆန်းဆုကြည်က ငြိမ်းချမ်းရေးအတွက်ဆိုပီး ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခွင့်ပေးမှာအသေချာဘဲဖြစ်ပါတယ်။ အဲ့ဒီ့အချိန်ကျ၇င် ကျွန်တော်တို့မြန်မာနိုင်ငံ
ဆိုတာလည်း ကမ္ဘာမြေပုံပေါ်မှာ ၇ှိတော့မှာမဟုတ်ပါဘူး။ အဲ့ဒီ့အခါ တ၇ုတ်၇ဲ့နယ်စပ်တွေထိစပ်နေတဲ့ ကချင်ကလည်းကချင်နိုင်ငံလုံခြုံရေးဆိုပီး စစ်အင်အားတိုးချဲ၊ ၀လည်းဒီလိုဘဲ ၊ရှမ်းလည်းဒီလိုဘဲ တိုးချဲ့မှာဖြစ်ပါတယ်။
အဲ့ဒီ့အခါ တ၇ုပ်ရဲ့နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေဖြစ်လာမယ်ဆို တာ မလွဲဧကန်ဘဲဖြစ်ပါတယ်။ တ၇ုပ်နိုင်ငံနယ်စပ်တွေမတည်ငြိမ်ရင် တ၇ုတ်နိုင်ငံရဲ့ အချုပ်၊အာခြာ၊အာဏာ ဟာလည်း မတည်မငြိမ်ဖြစ်လာမှာပါဘဲ။
အဲ့ဒီလိုမတည်မငြိမ်ဖြစ်တဲ့အခါ တရုတ်နိုင်ငံရဲ့ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်လာဖို့အတွက် အကြောင်းအရာရှိလာအောင်လို့ တရုတ်နိုင်ငံက ရာဇ၀တ်သားလို့သတ်မှတ်ထားတဲ့ လူ့ရှောင်ဘို ကို ငြိမ်းချမ်းရေးနိုဘယ်ဆု
ကောက်ပေးထားပါတယ်။ အဲ့ဒါကလည်း အမေ၇ိကန်နိုင်ငံရဲ့ ကမ္ဘာတခုလုံးကို ခြယ်လှယ်ဖို့အတွက် သူ့ရဲ့အစီအစဉ်တွေဘဲဖြစ်ပါတယ်။ အဲ့ဒီလိုအမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေ ကို ကြိုတင်မှန်းဆမိတဲ့ မြန်မာနိုင်ငံခေါင်းဆောင်
ပိုင်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အာဏာမရ၇ှိဖို့အတွက် အမျိုးမျိုးတားဆီးကြပါတယ် ။ တဖက်ကလည်းအမေ၇ိကန်နိုင်ငံကလည်း သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် အာဏာရအောင်
ဒုက္ခသည်အမည်ခံ နိုင်ငံရေးသမားများကို ထောက်ပံ့ငွေအလုံးအရင်းပေးပြီး နောက်ကနေကျောထောက်ခံလုပ်ပြီး ကျွန်တော်တို့နိုင်ငံပြတ်သုဉ်းဖို့အရေး ရည်၇ွယ်ချက်၇ှိ၇ှိ ထောက်ပံ့နေပါတယ်။ ငါးစာသာမြင်ပီး ငါးမျှားချိတ်မမြင်တဲ့
နိုင်ငံရေးသမားအမည်ခံ ပြည်ပြေးဒုက္ခသည် တချို့ကလည်းေ၇ှ့ရေးနောင်ေ၇း ဘာမှ မကြည့်ဘဲပိုက်ဆံရပြီးေ၇ာဆိုပီး ဘလော့အမျိုးမျိုးထောင် သတင်းဌာန အမျိုးမျိုးထောင်ပီး ကျွန်တော်တို့နိုင်
ငံတော် ကို အမျိုးမျိုး အပုပ်ချပါတယ် ။  တချို့ငါးစာကော ငါးမြှားချိတ်ကောမြင်တဲ့နိုင်ငံေ၇းသမားပြည်ပြေးတချို့ကလည်း ဘယ်သူသေသေ ငတေမာ၇င်ပြီးေ၇ာဆိုပီး အမျိုးမျိုး အော်ဟစ်ပြီး ဆန္ဒအမျိုးမျိုးပြ ၊ ကြေငြာချက်အမျိုးမျိုး
ထုတ်၊ ဆုတောင်းပွဲတွေအလီလီကျင်းပ ၊ အဖွဲ့တွေအမျိုးမျိုးဖွဲ့ ၊ ပြဇာတ်အမျိုးအမျိုးကျင်းပပြီး သူတို့ဝမ်းစာအတွက်သူတို့ဖြေရှင်းနေပါတယ်။ ဘယ်သူမှ တိုင်းပြည်ချစ်လို့ တိုင်းပြည်က ထွက်ပြေးကြတာမဟုတ်ပါဘူး။
ပိုက်ဆံလိုချင်လို့ တိုင်းပြည်ကထွက်ပြေးကြတာပါ။ အဲ့ဒါတွေအားလုံး ဟာ ကျွန်တော် အစ ကပြောခဲ့တဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရဲ့ လူ့အခွင့်ေ၇းဆိုပြီး အော်ပြီး သူများအချုပ်အခြာအာဏာ ကိုကြိုးကိုင်ခြယ်လှယ်
ချင်လို့ဖြစ်နေရတာပါ။ အချုပ်အနေနဲ့ပြောရရင် ဒီစာစုလေးကိုဖတ်ပြီး ပြည်ပေ၇ာက် ပြည်ပြေးနိုင်ငံေ၇းသမားတွေလည်း လက်တွေ့ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို အကောင်းမြင်မျက်စိနဲ့ကြည့်ပြီး အမေရိကန်ကြီးရဲ့
လက်ကိုင်တုတ်အဖြစ်မခံဘဲနဲ့ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့အတွက် ကျားကန်ထောက်တဲ့တိုင်လေးတစ်ချောင်းဖြစ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ....