Friday, November 11, 2011

ရုရှားမှ မြန်မာကျောင်းသားများ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေသည် ဆိုသည့် သတင်း မမှန်ဟုဆို

ရုရှားနိုင်ငံတွင် ပညာသင်ကြားနေသော ပညာတော်သင် ကျောင်းသားများ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရတယ် ဆိုတဲ့ သတင်းဟာ လုံးဝ မဖြစ်နိုင်ကြောင်း ရုရှားနိုင်ငံကို ကိုယ်တိုင်သွားရောက်ကာ ပညာတော်သင်ကျောင်းသားများနေတဲ့ အဆောင်မှာ အချိန်အတော်ကြာ နေခဲ့ဖူးတဲ့ နော်ဝေနိုင်ငံမှ အမည်မဖော်လိုသူ အမျိုးသမီးငယ် တစ်ဦးက ပြောကြားလိုက်ပါတယ်။ သူမဟာ ရုရှားနိုင်ငံကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က သွားရောက်ခဲ့ပြီး ပညာတော်သင်ကျောင်းသားတွေနေတဲ့ အဆောင်က အခန်းမှာပဲ တစ်လနီးပါး နေခဲ့သူဖြစ်ပါတယ်။

"ဒီသတင်းက ထုံးစံအတိုင်း ကောလဟာလဖြစ်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ရုရှားကိုရောက်ဖူးပါတယ်၊ အဲဒီအဆောင်တွေပေါ်မှာနေဖူးပါတယ် မြန်မာကျောင်းသားတွေ အဆောင်မှာ စည်းမဲ့ကမ်းမဲ့ နေကြတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူးရှင်... အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ပြီး စည်းကမ်းရှိရှိ ချစ်ချစ်ခင်ခင်နေကြတာ ကျွန်မ မျက်မြင်ပါပဲ.."

လို့ သူမက ပြောပါတယ်။

ရုရှားနိုင်ငံကို ပညာတော်သင် သွားရောက်နေသော မြန်မာကျောင်းသား တစ်ဦးကို မေးကြည့်ချိန်မှာတော့.. ပညာမဲ့ အတိုက်အခံ မီဒီယာတွေရဲ့ ထုံးစံအတိုင်း မနာလိုဝန်တိုမှုတွေကြောင့် သက်သက်အသရေဖျက်ခြင်းသာ ဖြစ်ကြောင်း.. အခုလို ပြောပါတယ်။

"ဒါက ဒီနေ့ ပညာမဲ့အတိုက်အခံတွေ အမြဲလုပ်နေကြ အလုပ်ပါ။ အရင်တုန်းကလည်း ဒီလို အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်တွေ စွပ်စွဲကြဖူးပါတယ်။" လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီ ပညာတော်သင်ကပဲ အရင်တုန်းက တပ်မတော်က နိုင်ငံ့ဦးသျှောင်ဖြစ်နေချိန်မှာ နိုင်ငံရေးမှာလည်းဘာမှမပတ်သက်မှုမရှိပဲ ကိုယ့်ဘာကိုယ်အေးအေးဆေးဆေး ပညာသင်ယူနေတဲ့ ရုရှားက ပညာတော်သင်တွေကို ပုတ်ခက်ရေးသားတာကို နားလည်နိုင်ပေမယ့် အခုအချိန်မှာ တပ်မတော်ကလည်း သူ့လမ်းသူလျှောက်နေချိန်ဖြစ်ပြီး ရုရှားက ပညာတော်သင်တွေကလည်း နိုင်ငံအတွက် အဆင့်မြင့် ပညာတွေကို သင်ယူနေတာကလွဲပြီး ဘယ်ထဲမှ ဝင်မပါတာကြောင့် အခုချိန်ထိ လိုက်ပြီး အသရေဖျက်နေတာကို နားမလည်နိုင်ကြောင်းလည်း ပြောပါတယ်။

အမျိုသမီးဝတ်စုံတွေနဲ့ ဝတ်စားတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း

"မြန်မာအမျိုးသမီးတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာတောင် အမျိုးသမီးအဝတ်အစား ဝတ်ပြီး ပျော်ပွဲရွှင်ပွဲတွေ လုပ်တာမျိုးတွေ ရှိနေတာပဲ... ရုရှားနိုင်ငံမှာ မြန်မာအမျိုးသမီး ပညာတော်သင်မှ မရှိတာ.. ဒါမျိုးက မထူးဆန်းပါဘူး..." လို့ ပြောပါတယ်။
မြန်မာမိန်းခလေးတွေ အများကြီးရှိနေတဲ့ ထိုင်းနိုင်ငံမှာတောင် ကပွဲမှာ ယောင်္ကျားက မိန်းမအဝတ်အစားဝတ်

အဆောင်စည်းကမ်းဖောက်မှုကြောင့် ရုရှားနဲ့ မြန်မာ ပြဿနာ တက်တာတွေ ရှိဖူးလားလို့ မေးချိန်မှာတော့

"ဟိုးအရင် အပတ်စဉ်တွေတုန်းကတော့ ရှိခဲ့ပါတယ်... မြန်မာတွေကလည်း ရုရှားတွေရဲ့ သဘာဝတွေကို ကောင်းကောင်းနားမလည်သေးချိန်နဲ့ ရုရှားတွေကလည်း မြန်မာတွေရဲ့ ထုံးစံတွေကို နားမလည်ချိန်မှာပေါ့... ဒါပေမယ့် နောက်ပိုင်းတော့ မရှိတော့ပါဘူး.... အခုဆိုရင်တော့ လုံးဝ မရှိသလောက်ပဲ... အခုမှ ရုရှားကို စလွှတ်တာမှ မဟုတ်တာ.. ကြာနေပြီလေ.. သူတို့ပြောသလို အဆောင်ကထွက်ပေးဖို့ တောင်းဆိုခံရမယ်ဆိုရင် ပထမဆုံး အသုတ်ကတည်းက ဖြစ်သင့်တာပေါ့... အခုတော့ ဟာသကြီးဖြစ်နေတယ်..." လို့ ပြောပါတယ်။

သံရုံးကနေ သတိပေးတာတွေ ဘာတွေ ရှိသလားလို့ မေးချိန်မှာတော့

"ဒီနိုင်ငံမှာက စင်္ကာပူတို့၊ မလေးရှားတို့လို တခြားနိုင်ငံတွေနဲ့ မတူဘူးဗျ။ ဒီမှာက ကျွန်တော်တို့ ပညာတော်သင် ကျောင်းသားတွေနဲ့ သံရုံးကလွဲရင် မြန်မာမရှိဘူး... ပြီးတော့ ရောက်လာတဲ့ ကျောင်းသားတွေကလည်း ၃ ၊ ၄ နှစ်နေမှ ပြန်ရတာဆိုတော့ သံရုံးက လူကြီးတွေကပဲ မိဘလို၊ ဆရာလို သွန်သင်စောင့်ရှောက်လာတာဆိုတော့ တွေ့တိုင်း လိမ်လိမ်မာမာနေကြဖို့၊ စာကြိုးစားကြဖို့၊ စည်းကမ်းလိုက်နာကြဖို့၊ မျိုးချစ်စိတ်ရှိကြဖို့ အမြဲပြောတယ်ဗျ... ဒါက ရေးကြီးခွင့်ကျယ် လုပ်ရလောက်အောင်လည်း မဟုတ်ပါဘူး..." လို့ ပြောပါတယ်။ ဒါ့အပြင် သူကပဲ သူတို့အဆောင်မှာ တက်ခဲ့ဖူးတဲ့ ပြဿနာတစ်ခုကို အခုလိုပြောပြပါတယ်။

"တစ်ခါတုန်းကတော့ အဆောင်ဒါရိုက်တာ ရုရှားနဲ့ မြန်မာကျောင်းသားတစ်ချို့ အဆောင်စည်းကမ်းဖောက်ဖျက်လို့ ဆိုပြီး ပြဿနာ တက်ဖူးတယ်ဗျ... အဲဒီ မြန်မာကျောင်းသားဆီကို တခြားနိုင်ငံက မြန်မာမ တစ်ယောက်ရောက်တာတုန်းကပါ... အဲဒီ မိန်းခလေးက အတိုက်အခံထဲကပဲထင်တယ်... သူလာတုန်းက ငပိတွေ ဘာတွေ ယူလာပြီး ချက်စားတော့ ပြဿနာတက်တာပဲ... ဒါမျိုးပြဿနာက တခြားနိုင်ငံက မြန်မာတွေလည်း မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာပါ... ရုရှားမှာတော့ ငပိ ကို ဝယ်လို့ မရဘူး.. တခြားနိုင်ငံတွေလို မြန်မာဆိုင်၊ ကုလားဆိုင်လည်း မရှိဘူးဆိုတော... အဆောင်မှာ ပြဿနာ တက်စရာ ခေါင်းစဉ်ကို မရှိဘူးဖြစ်နေတယ်..." လို့ အဲဒီ ပညာတော်သင် ကပဲ ဆက်ပြောပါတယ်။

ရုရှားရောက် ပညာတော်သင် ကျောင်းသားအားလုံးဟာ စည်းကမ်းပြည့်ဝတဲ့ လေ့ကျင့်မှု အောက်ကနေ ကြီးပြင်းလာခဲ့တာကြောင့် စည်းမဲ့ကမ်းမဲ့ဘယ်တော့မှ မနေကြကြောင်းနဲ့ ဒီမိုဝေယံနှင့်
အင်တာနက်ပေါ်မှာ ရုရှားက ပညာတော်သင်တွေကို မနာလိုမရှုစိတ်ဖြစ်နေကြတဲ့ တခြားအတိုက်အခံတွေအနေနဲ့ အနာဂတ်နိုင်ငံတော်အတွက် အရေးပါတဲ့ အဆင့်မြင့်ပညာတွေကို သင်ကြားနေတဲ့ ပညာတော်သင်တွေကို ဝေဖန်ပုတ်ခက်မယ့် အစား ကိုယ်တိုင် အတက်ပညာ တစ်ခုခု စည်းပူးနေသင့်ကြောင်းလည်း မှာကြားသွားပါတယ်။

ပြီခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဒီမိုဝေယံဘလော့မှာ ဦးကျော်ဆန်းနဲ့ ဝန်ကြီး ၅ ဦး ပြုတ်တယ်လို့လည်း မကြာခင်က မဟုတ်မမှန် သတင်းရေးခဲ့တာကြောင့် လူအများက တင်းမာမှုတွေ ရှိခဲ့ပါတယ်။


( http://myanmarexpress.blogspot.com/ မှကူးယူဖော်ပြသည်။)

Tuesday, November 8, 2011

အမြဲတမ်းမှားနေတဲ့ အင်တာနက်ပေါ်မှ အတိုက်ခံတို့ရဲ့ သတင်းများ


ဒီနေ့ မြန်မာနိုင်ငံက မနေ့က မြန်မာနိုင်ငံနဲ့ မတူသလို ဒီနှစ် မြန်မာနိုင်ငံက မနှစ်က မြန်မာနိုင်ငံနဲ့ မတူအောင် ပြောင်းလဲနေပါတယ်။ ဒေသတွင်းနိုင်ငံတွေသာမကပဲ ကုလသမ္မဂ္ဂ၊ အမေရိကန်၊ ဂျပန် နဲ့ တခြား အနောက်နိုင်ငံတွေကပါ လက်ခံလာတဲ့အထိ တိုးတက်မှုတွေ ရရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့် မီဒီယာ ပိုင်းမှာ လွတ်လပ်ခွင့်တွေ အများကြီးရခဲ့ပြီး အရင်းတုန်းက မပါတဲ့ စကားလုံးတွေ အခုတွေ့နေရပြီဖြစ်ကြောင်း မကြာခင်က ထောင်ကထွက်လာတဲ့ လူအများ ရှုံ့ချခြင်းခံနေရသော လူပျက် ဇာဂနာ ကတောင် ဝန်ခံခဲ့ပြီး ဖြစ်ပါတယ်။

အစိုးရဖက်က ပျောင်းလဲမှုတွေ ဘယ်လိုပဲလုပ်ဆောင်နေပေမယ့် မီဒီယာ သမားတွေကတော့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်တွေ လုံးဝ ပြောင်းလဲ ခြင်းမရှိပါဘူး။ အထူးသဖြင့် ပြည်ပအခြေစိုက် အတိုက်အခံ မီဒီယာတွေနဲ့ facebook နဲ့ ဘလော့ တွေပေါ်က ဝါဒဖြန့်သမားတွေကတော့ ဘာပြောင်းလဲခြင်းမှ မရှိပဲ ထုံးစံအတိုင်း ကောလဟာလတွေ လွှင့်လို့ကောင်းတုန်း၊ သတင်း ထက် အတင်းတွေကို ပြောလို့ကောင်းတုန်းပါပဲ။

သတင်းမှားတွေ၊ ကောလဟာလတွေ အမြဲ လွှင့်နေမှုနဲ့ နာမည်ပျက်နေတဲ့ ဧရာဝတီ သတင်းဌာနက သူဘာသူနေတဲ့ အဆိုတော် မေဆွိ ကိုတောင် သေတယ်လို့ လွှင့်ခဲ့ဖူးပါဘယ်။ အခုတစ်ခါလည်း ဝန်ကြီး တွေ ပြုတ်ပါတယ်ဆိုပြီး သတင်းမှားတွေ ထပ်ပြီး လွှင့်ပြန်ပါတယ်။ ဧရာဝတီ သတင်းဌာန ကို ရပ်တည်နိုင်ဖို့ စာဖတ်ပရိတ်သပ်တွေဆီက အလှူခံထားရတာဖြစ်ပေမယ့်လည်း ဧရာဝတီ သတင်းဌာန အနေနဲ့ စာဖတ်သူတွေအပေါ်မှာ လေးစားမှု မရှိပါဘူး။ သတင်းရှာပါဆိုရင် facebook ပေါ်တက်ပြီး တွေ့သမျှ ဟာ ယူလာပြီး တင်နေသလို ပေးစာ တွေ၊ အစိုးရသတင်းစာထဲက စာတွေနဲ့ ဂျာနယ် ပေါင်းစုံက စာတွေပဲ ပြန်တင်နေတာ တွေ့ရပါတယ်။

ရလာတဲ့ သတင်းကို မှန်လား မှားလားလည်း သေချာ စိစစ်မှု မရှိပဲ ပရိတ်သက်တွေ ခေါင်းထဲကို ရောက်သွားမယ့် သတင်းကို ဖြစ်သလို ထုတ်လွှင့်နေတာ ကြာပြီဖြစ်ပါတယ်။

ဧရာဝတီ သတင်းဌာနရဲ့ အမြှော်အမြင်ကြီးမှုနဲ့ အမှားတွေကို ကြိုမြင်မှုကို ကျေးစေတမန်ဘလော့မှာ အခုလို ဖော်ပြထားပါတယ်။

" ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မသန်စွမ်း အနုပညာရှင်အဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှုကို ၁-၁-၂၀၁၁ရက်နေ့က ကြည့်ရှု အားပေးတဲ့ သတင်းကို ၂-၁၁-၂၀၁၁ ရက်နေ့ နိုင်ငံတော် အစိုးရက ထုတ်တဲ့ သတင်းစာတွေမှာ ဖော်ပြပေးခဲ့ပါတယ်။ အဲဒီသတင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း နိုင်ငံ့တာဝန်နဲ့ ဘရူနိုင်းဒါရူဆလမ် နိုင်ငံကို သွားရောက်နေလို့ ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းရဲ့ နေရာမှာ ခေတ္တ တာဝန်ယူပေးထားတဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာနနဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ခေတ္တပြည်ထောင်စု ၀န်ကြီးလို့ ဖော်ပြ လိုက်တဲ့ သတင်းကို အမြဲတမ်း လိမ်လိုက်ရမှ ကျေနပ်ကြတဲ့ ပြည်သူကို လှည့်စားနေကြပုံစံအတိုင်း ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက သတင်းဌာနအချို့ ထင်ကြေးနဲ့ ရုတ်တန်း ရမ်းတုတ်ကြတော့တာပဲဗျာ။

သူတို့ရဲ လန်ကြုတ် ဇာတ်လမ်းကလည်း ရုပ်တည်ကြီးနဲ့ဗျ။ ဘာတဲ့ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်း ပြုတ်ပြီ၊ ဘယ်ပျောက်နေလဲ၊ ဘုန်းကြီးသွားဝတ်နေတယ် စတဲ့ မရေမရာ သတင်းတွေနဲ့ မီဒီယာ လောကတွင်း ဖွနည်းမျိုးစုံနဲ့ ဖွကြတာ တော်တော် ရီစရာကောင်းတယ်ဗျာ။ ဒီထက်ပိုဆိုးတဲ့ မဟုတ်မဟတ် လုပ်ဇာတ်ကို ထပ်ပြီး နောက်က လိုက်ခင်းကြသေးတယ်။ Facebook မှာ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်၊ ဟိုတယ်ခရီးနှင့် အားကစား ၀န်ကြီးဌာန၀န်ကြီး ဦးတင့်ဆန်းနဲ့ ဦးကျော်စွာခိုင်တို့ ငါးဦး ပြုတ်ပြီး ဆိုတဲ့ သတင်းကို ခပ်တည်တည်နဲ့ နိုင်ငံတော်သမ္မတရုံးက လာတဲ့ သတင်းအရ သိရတယ်လေး ဘာလေးနဲ့ ကောလဟလ လုပ်ဇာတ်ခင်းကြသေးတယ်ဗျာ။"

လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အင်တာနက်ခေတ်မှာ သတင်းတွေ မြန်မြန်ဆန်ဆန် ရပေမယ့်လည်း သတင်းတွေ က မမှန်တာတွေ များနေပါတယ်။ အတိုက်အခံဖက်မှ သတင်းတင်တဲ့လူတွေကလည်း နားစွန်နားဖျား ကြားတာကို အဟုတ်မှတ်တင်နေကြပြီး အဲဒီ ကိုယ်တင်ထားတဲ့ သတင်းအပေါ်မှာလည်း တာဝန်ယူမှု လုံးဝ မရှိကြဘူးလို့ သိရပါတယ်။ ကိုယ်တင်ထားတဲ့ သတင်း က မှားသွားရင်လည်း ပြန်လည် တောင်းပန်မှုမရှိပဲ ဖာသိဖာသာ နေနေတတ်ကြပါတယ်။ အတိုက်အခံဖက်မှာ နည်းလမ်းပေါင်းစုံနဲ့ လွှင့်နေသမျှ သတင်းတွေကို မှန်သင့်ကြောင်းနဲ့ သတင်းဖတ်သူတွေကို လေးစားသင့်ကြောင်းကို ဝါရင့်သတင်းစာ ဆရာကြီး တစ်ဦးက အခုလို ပြောပါတယ်။

"ဒီနေ့ ခေတ်က အင်တာနက် ခေတ်ဆိုတော့ သတင်းက အရမ်းမြန်တယ်၊ သတင်းမြန်တာ သိပ်ကောင်းပေမယ့် သတင်း မမှန်တာက သိပ်ဆိုးတယ်.... အထူးသဖြင့် အစိုးရအတိုက်အခံ သတင်းလွှင့်သူတွေရဲ့ သတင်းတွေကို လေ့လာကြည့်ချိန်မှာ သတင်း ၁၀ ခု မှာ ၉ ခု က အမှားတွေ ဖြစ်နေတယ်... ဒါက စာဖတ်သူတွေကို မလေးစားတာပဲ... သတင်းသမားဆိုတာ ဒီလိုမလုပ်ရဘူး... ကိုယ်တင်တဲ့သတင်းကို ၁၀၀% တာဝန်ယူရမယ်၊ ပြီးတော့ မှားသွားရင်လည်း ပြန်တောင်းပန်နိုင်ရမယ်... စာဖတ်တဲ့လူတွေကလည်း အတိုက်အခံ မီဒီယာ တွေရဲ့ အကျင့်ပျက်နေတာတွေ၊ မတရားသဖြင့် သတင်းမှားတွေ ထုတ်လွှင့်နေတာတွေကို ဒီတိုင်း ဆက်ပြီး လွှတ်မထားရဘူး... မတရားတာကို မတရားဘူးလို့ ပြောရဲရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် လည်း ပြောဖူးတာပဲ... မဟုတ်ရင်မဟုတ်တဲ့အကြောင်း ပြောရဲရမယ်၊ အမှားတွေ ဆက်မလွှင့်ဖို့ ပြောရဲရမယ်... သတင်းဌာနတွေကလည်း ပိုက်ဆံရဖို့ ဆိုတာထက် ကိုယ့်အလုပ်ကို တန်ဖိုးထားရမယ်...." လို့ ပြောပါတယ်။

အတိုက်အခံသတင်းမီဒီယာတွေ အားလုံးဟာ အစိုးရသစ် မတိုင်ခင်ကတည်းက အစိုးထဲမှာ ပြိုကွဲနေကြောင်း၊ စစ်တပ်က ပြိုကွဲနေကြောင်း၊ ဦးမောင်အေး ကို ဦးသန်းရွှေ က အနားပေးလိုက်ကြောင်း၊ ဦးမောင်အေးက အာဏာသိမ်းတော့မည် ဖြစ်ကြောင်း အမျိုးမျိုး မဟုတ်တာတွေ အမြဲ လွှင့်ခဲ့ကြပါတယ်။ အခုအစိုးရသစ်လက်ထက်မှာလဲ အစိုးရအဖွဲ့မှာ သဘောထား တင်းမာသူတွေနဲ့ ပျော့ပြောင်းသူတွေ ဆိုပြီး နှစ်ဖွဲ့ကွဲနေကြာင်း သတင်းတွေကို အခြေအမြစ် တိတိကျကျ မရှိပဲ လွှင့်နေကြပြန်ပါတယ်။ ဒါပေမယ့် အတိုက်အခံ ပါတီပျက် တစ်ခုဖြစ်တဲ့ NLD ပါတီ တွင်းမှာ လောလောဆယ် မှတ်ပုံတင်လိုသူတွေနဲ့ မှတ်ပုံ မတင်လိုသူတွေ ဆိုပြီး လူသိရှင်ကြား မြိုင်မြိုင်စိုင်စိုင် နှစ်ခြမ်းကွဲနေတာကိုတော့ အကျယ်တဝင့် ဖော်ပြခြင်း မရှိကြပါဘူး။

NLD က ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မလာခင်က မှတ်ပုံတင်လိုသူများနဲ့ မတင်လိုသူများ ဆိုပြီး နှစ်ခြမ်းကွဲခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဘိုးကြီး အဖွားကြီး အများစုက မှတ်ပုံမတင်လိုကြပဲ လူငယ်တွေက မှတ်ပုံတင်လိုကြကာ NLD က နေ ခွဲထွက်သွားကြပါတယ်။ အဲဒီချိန်တုန်းက ကျန်ခဲ့တဲ့ NLD တစ်ဖွဲ့သားလုံးက NDF နဲ့ ဦးခင်မောင်ဆွေ တို့ကို လွှတ်တော်ထဲမှာ ကြမ်းတိုက်မည့်သူတွေ၊ ရုပ်ရှင်ထဲမှာ နောက်က ဖြတ်လျှောက် သူတွေ ဆိုပြီး ကဲ့ရဲ့ လှောင်ပြောင်ခဲ့ကြပါတယ်။ အခုကျတော့လည်း NLD ကိုယ်တိုင် လွှတ်တော်ထဲမှာ ကြမ်းတိုက်ဖို့ ကို သဘောထားကွဲနေခဲ့ပြန်ပါတယ်။ ပြန်လာလာချင်းမှာ အမျိုးသား ရင်ကြားစေ့ရေး လို့ အော်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အမျိုးသားကို ရင်ကြားမစေ့နိုင်ပဲ လောလောဆယ် သဘောထား ကွဲနေတဲ့ NLD ကို ရင်ကြားစေ့နေရပြန်ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အတိုက်အခံ မီဒီယာတွေဖက်က အကျယ်တဝင့် ဖော်ပြမှုတွေ မရှိခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့က ABSDF ၂၃ နှစ် ပြည့်တာကို ဖော်ပြခဲ့ကြပေမယ့်၊ ABSDF နှစ်ခြမ်းကွဲခြင်းအကြောင်းတွေ၊ ဘာကြောင့် နှစ်ခြမ်းကွဲ ရခြင်းအကြောင်းတွေကို တော့ ထိန်ချန်ခဲ့ကြပါတယ်။

အဆိုးဆုံးကတော့ ဒီနေ့ ကြွချီလာတဲ့ မြန်မာလူမျိုးတို့ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာ ရဲ့ စွယ်တော်မြတ် အကြောင်း သတင်း၊ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအတွက် ၀မ်းမြောက်ဝမ်းသာစရာ သတင်းကို ဘယ်မှာမှ မဖော်ပြပဲ ရေငုံနှုတ်ပိတ်နေခဲ့ကြပါတယ်။

သတင်းဆိုပေမယ့်လည်း အစိုးရနဲ့ အစိုးရ အဖွဲ့ ရဲ့ ကောလဟာလတွေနဲ့ အတင်းတွေ၊ အစိုးရ အတိုက်အခံတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို လူအများက ပိုပြီး စိတ်ဝင်စားကြတာကြောင့် သတင့်ဖြန့်သူများအနေနဲ့ ပရိတ်သက်အကြိုက်ကိုလိုက်ကာ ဖြန့်ပေးနေရကြောင်းကို အခကြေးငွေယူကာ ဝါဒမှိုင်းတိုက် သတင်းဖြန့်ပေးနေသူ ဗမာ့သွေး က အခုလို ပြောပါတယ်

"ဒီနေ့ အင်တာနက် သုံးသူတွေက hot news ကို ပဲစိတ်ဝင်စားတာဗျ.. ဒီတော့ ကျွန်တော်တို့က ပရိတ်သက်အကြိုက်ကို သိရတယ်... ကိုယ်တိုင် သတင်းစုံစမ်းပြီး သတင်းဖြန့်တဲ့လူတော့ ဒီလောကမှာ တစ်ယောက်မှ မရှိဘူးပေါ့.. ဒီလိုပဲ ဟိုက ရေးထားတာ ပြန်ကူး၊ ဒီကရေးထားတာ ပြန်ကူး လုပ်ရတယ်... ပြီးတော့ အစိုးရမီဒီယာဆိုတာမျိုးက ဦးကျော်ဆန်း မျက်နှာလောက်ပဲ ကြည့်ရတာ ... ကျွန်တော်တို့က လူတကာမျက်နှာကို ကြည့်နေရ၊ ကြောက်နေရတာဗျ.... လွတ်လပ်စွာ ပြောဆိုခွင့်ဆိုပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့ စကားလုံး တစ်လုံးနှစ်လုံးလောက် ပါသွားရင် ဖုန်းနံပတ်ပြော၊ လိပ်စာပြော လာသတ်မယ် ဆိုပြီး ချိန်းခြောက်တာတွေ ခံရတယ်... ဒီတော့ ကျွန်တော်တို့လည်း လွတ်လပ်စွာကွဲလွဲခွင့်အတွက်တော့ ကိုယ့်စီးပွားရေးကို အထိခိုက်မခံနိုင်သလို မိုက်ရူးရဲတွေကိုလည်း ကြောက်ရတယ်..." လို့ပြောပါတယ်။

ကျေးစေတမန် ဘလော့မှာတော့ "တော်တော်ကို ရီစရာကောင်းတဲ့ ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက ခေတ်သစ် သူတောင်းစားတွေလို့ ပြောရမှာပဲ။ လုပ်ကြံ လီစယ်စရာ သတင်းတွေ မျိုးစုံ ရှိပါတယ် ဒီလို မသေမချာ မရေမရာနဲ့ ကိုယ်ဖြစ်ချင်တဲ့ သတင်းကို အတင်းဇွတ် အမှန်လိုလုပ်ပြီး ဟိတ်ဟန် အပြည့်နဲ့ ပြည်သူကို သတင်းထူးတွေ သတင်းဦးတွေ ပေးနေသလို လုပ်နေတဲ့ ဧရာဝတီ သတင်းဌာနနဲ့ ပြည်ပက မြန်မာအစိုးရ မကောင်းကြောင်း တွင်တွင် အော်နေတဲ့ စိတ်ထားမှန်ဟာ ဒီလို အလိမ်ဇာတ်ကွက်ထွင် သမားတွေပါလားလို့ အခုသတင်းက သက်သေ ပြလိုက်တာ ဖြစ်ပါတယ်။ ဒီလိုပဲ ဧရာဝတီ သတင်းဌာန၊ ဒီမိုဝေယံ ဘလော့ဂ်နဲ့ အဲဒီလူစုက Account ဖွင့် သုံးစွဲနေတဲ့ Facebook တွေမှာ တောင်စဉ်ရေမရ ထင်ကြေး ဇာတ်လမ်းတွေ လုပ်ကြံထုတ်လွှင့်နေတာကို ယခု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်ဆန်းရဲ့ သတင်းက သက်သေပြလို့နေပါတယ်။ ဒီလိုပဲ အတိတ်ကာလက လုပ်ကြံသတင်းတွေနဲ့ ပြည်သူကို လှည့်စားလိုက်၊ နိုင်ငံတော်အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးလိုက်၊ တိုင်းရင်း သားတွေ အချင်းချင်းကြား သွေးခွဲသပ်လျှို ၀ါဒဖြန့်လိုက်၊ အစိုးရ ၀န်ထမ်းများကြား ထင်ယောင်ထင်မှား သတင်းများ ထုတ်လွှင့်လိုက်နဲ့ လုပ်ကြံသတင်းတွေနဲ့ တိုင်းပြည်ကို ဖျက်နေတဲ့ မုသားလက်နက်ကိုင် ပြည်ဖျက် သမားတွေပဲ ဖြစ်ပါတယ်။ သူတို့ ပြောသမျှ သူတို့နှပ်ကြောင်း ပေးသမျှ ယုံမှတ်လို့ လိုက်လုပ်ကြ ပြောကြဆိုကြ အထင်အမြင်တွေ လွဲကြမယ်ဆိုရင် ဒေ၀ဒတ်ကို ဆရာတင်တဲ့ အဇာတသတ် ထက်ပင် ပိုပြီး ဒုက္ခတွေ့ ဖို့သာ ရှိမှာ ဖြစ်ပါတယ်။"

"ယခုလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာန အသီးသီးမှာရှိတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်များက အားသွန်ခွန်စိုက် ကြိုးပမ်း နေချိန်မှာ ပြည်ပနိုင်ငံများရဲ့ အထောက်အပံ့နဲ့ အင်တာနက်မှာ ဝက်ဘ်ဆိုက်တွေ တင်ပြီး မြန်မာပြည်အတွက် အကျိုးမရှိတဲ့ ကောလဟာလ သတင်းတွေကို အခြေအမြစ်မရှိ၊ တိကျသေချာမှု မရှိဘဲနဲ့ စိတ်မှန်းနဲ့ ပြောဆိုနေမှုများဟာ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ ဖော်ပြနေတာသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ အချိန်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများကို ယခင်က လုံးဝဆန့်ကျင်ခဲ့တဲ့ နိုင်ငံများကတောင် အားပေး ထောက်ခံနေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ မြန်မာနိုင်ငံ အတွက်လည်း အကျိုးကျေးဇူး မရှိ၊ မြန်မာပြည်သူများ အတွက်လည်း အကျိုးကျေးဇူးမရှိဘဲ ရေရာသေချာမှု မရှိတဲ့ သတင်းတွေကိုတင်၊ မိမိတို့ စားဝတ်နေရေး ဖူလုံရင်ပြီးရော ဆိုတဲ့စိတ်နဲ့ မှန်တာမမှန်တာ ဝေဖန် သုံးသပ်မှု မရှိဘဲ ပြောချင်တာပြော နေကြတဲ့ သူများကို ကိုယ့်မျက်ချေးကိုယ် ပြန်မြင်အောင် ကြည့်ကြပါအုံးလို့ ပြောလိုက်ပါရစေ။" ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။

အတိုက်အခံ သတင်းလွှင့်သူများအနေနဲ့ သမှားတွေ ထုတ်လွှင့်မှု ကြောင့် လူထု က စိတ်ပျက်နေကြပြီး ဘီဘီစီ သတင်းနဲ့ လူထုကြား ဖြစ်နေတဲ့ ပဠိပက္ခအပါအဝင် အမျိုးသားရေးအတွက် အရေးပါတဲ့ တခြားသတင်းတွေကို ထိန်ချန်ထားခြင်းတွေကြောင့် လူထုက တင်းမာနေကြောင်း သိရပါတယ်။


(http://myanmarexpress.blogspot.com မှကူးယူဖော်ပြသည်။)

Friday, October 14, 2011

လူပျက် ကိုဇာဂနာ သို့ပေးစာ........(တိုင်းပြည်အကျိုးလိုလားသူ)

လူဘိန်းအတွေးနဲ့ ကိုဇာဂနာ လို့ဘဲပြော၇မလား။
ပြောတော့ "အနုပညာသမားဆိုတာ နိုင်ငံေ၇းနဲ့ယှဉ်တွဲနေတာ" ပါ လို့ပြောပြီး နိုင်ငံရေးအမြင်မရှိဘူး လို့ ဘဲပြောရမလားတော့မသိဘူး။
ပြည်သူချစ်တဲ့ လူပျက် ဇာဂနာ ကြီးကတော့လုပ်ချလိုက်ပြန်ပါပြီ ။ အခု အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်တချို့တ၀က် ပေးလိုက်တာကို
အကုန်လုံးလွှတ်မပေးတာ သူ့အိပ်ထဲကစိုက်ရမှာဆိုးလို့လားတဲ့ ။ လူပျက် ကိုဇာဂနာကြီးကတော့ဘယ်လိုတွေးလဲတော့မသိဘူး...ထောင်
ထဲမှာနေတာကြာလို့... အစိုးရကိုမုန်းတီးပြီး.... အတွေးတွေချော်နေတာဘဲဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ် ။ ကျွန်တော့်အနေနဲ့ပြော

ချင်တာက တိုင်းပြည်ဆိုတာ အိမ်တစ်အိမ်လိုပါဘဲ ။ အဲ့လိုဘဲ အဲ့ဒီ့အိမ် ရဲ့ အမိနဲ့အဖ ဟာ အဲ့ဒီ့အိမ်ရဲ့အစိုးရပါဘဲ ။ သားသမီးဆိုတာ အဲ့
ဒီ့အိမ်ရဲ့ပြည်သူပါဘဲ ။  မိဘ ဟာ သူ့သားသမီး ရဲ့ကောင်းရာကောင်းကျိုးအတွက်ဘဲမျှော်ကိုးပြီး လုပ်နေသလို အစိုးရကလဲ သူ့ပြည်
သူကောင်းရာကောင်းကျိုးအတွက်မျှော်ကိုးပြီးလုပ်နေတာပါ ။ အဲ့ဒီ့အိမ်မှာ မိဘ က ကျောင်းစတတ်တဲ့ သူ့ရဲ့ သားသမီး ကိုမုန့်ဖိုးပေး၇ပါတယ်။
အဲ့လိုပေး၇တာဟာ သားသမီးအနေနဲ့ဆိုရင် ရပိုင်ခွင့်ဖြစ်သလို ။ မိဘတွေဘက်ကကြည့်ရင်လည်းအဲ့ဒါဟာ တာဝန် ၀တ္တရားပါဘဲ။
အဲ့လိုဘဲ သားသမီးဆိုတာလည်း ဘယ်သားသမီးဘဲဖြစ်ဖြစ် မုန့်ဖိုး တရာ ရရင် နှစ်ရာလိုချင်တာပါဘဲ ။ နှစ်ရာရရင် ငါးရာလိုချင်တာပါဘဲ။
ငါးရာရရင် တထောင်လိုချင်တာပါဘဲ ။ ဘာလို့အဲ့ဒီလိုမျိုးလိုချင်တာလဲဆိုတော့ သားသမီးတွေက သူတို့ပတ်ဝန်းကျင်မှာ သူတို့လိုအရွယ်
တွေသုံးနေတာကိုကြည့်ပြီး အားကျလာလို့ဖြစ်ပါတယ်...သားသမီးတွေက အားကျလာတာဘဲ၇ှိပါတယ်... သူ့ပတ်ဝန်းကျင်က သူ့ သူငယ်
ချင်းတွေ ရဲ့ အိမ်အခြေအနေ မိသားစုအခြေအနေ.. ကိုယ့် ရဲ့အိမ်အခြေအနေ .ကိုယ့်မိသားစုအခြေအနေတွေကို သူတို့မစဉ်းစားမိပါဘူး...
အဲ့ဒီအခါမှာ သားသမီးတွေဟာ သူတို့လိုချင်တဲ့မုန့်ဖိုး၇ဖို့ အတင်းပူဆာပါတော့တယ်။   အဲ့လိုမျိုးအနေအထားမျိုးမှာ
မိဘက သာ သားသမီးတွေကို မျက်နှာလွှဲခဲပစ် လိုချင်သလောက်ယူဆိုပြီး သူတိုလိုချင်သလောက်သာပေးလိုက်မယ်ဆိုရင် အဲ့ဒီ့သား
သမီးတွေဟာ သူတို့လုပ်ချင်တာကိုလုပ်တော့မှာပါ ။ ဘာလို့လဲဆိုတော့ သူတို့မှာ ပတ်ဝန်းကျင်အတွေ့အကြုံကအားနည်း ၊ စဉ်းစားဆင်ခြင
်နိုင်စွမ်းကလည်း အားနည်း ၊ အကောင်း အဆိုး ဝေဖန်ပိုင်းခြားနိုင်စွမ်းလည်းအားနည်းနဲ့ ထင်ရာစိုင်းပြီးသုံးခြင်ရာသုံးမယ်ဆိုရင် အဲ့ဒီ့
ကလေးဘာဖြစ်သွားမလဲ ? အဲ့ဒီ့လို ဖြစ်လာမယ်ဆိုတာကို ဘယ်မိဘ မဆိုကြိုသိပါတယ်။ ဘယ်မိဘမှလည်း ကိုယ့်သားသမီးကို လမ်းမှား
မရောက်စေချင်ပါဘူး ။ အဲ့ဒီ့အတွက် မိဘတွေဘက်က သူတို့တာဝန် ၀တ္တရားတွေထဲက အတိုင်း မကောင်းမြစ်တာ ဆိုတဲ့အတိုင်း မကောင်း
မှုကိုတားမြစ်တဲ့အနေနဲ့ မုန့်ဖိုး ပေးတဲ့အခါမျိုးမှာ... ဘယ်အရွယ်ကတော့ ဘယ်လောက်အတိုင်း အတာပေးမယ်... ဘယ်အရွယ်ရောက်ရင် ဖြစ်
ဘယ်လောက်အတိုင်းအတာထိ ပေးမယ်ဆိုတာမျိုး သူတို့ သတ်မှတ်ထားပါတယ်။
                                                   အဲ့ဒီလိုမျိုးဘဲ အစိုး ရကလဲ သူ့ရဲ့တာဝန်ဝတ္တရားအတိုင်း သားသမီးဖြစ်တဲ့ ပြည်သူတွေတောင်းတဲ့
မုန့်ဖိုး ကိုပေးပါတယ်.ပြည်သူတွေကလဲ တရာ ရတော့ နှစ်ရာလိုချင်လာပြန်ပါရော. အစိုးရ က နှစ်ရာပေးလိုက်တော့ ငါးရာလိုချင်လာပြန်ပါရော.
ဘယ်တော့အဆုံးသတ်မှာလဲ....ဘယ်တော့မှအဆုံးသတ်မှာ မဟုတ်ပါဘူး....ဘာလို့လဲ ဆိုတော့ သားသမီးတွေကလည်း သူတို့ပတ်ဝန်းကျင်က
လူတွေကိုကြည့်ပြီးအားကျနေလို့ဖြစ်ပါတယ်...ကျွန်တော့်အနေနဲ့ပြောချင်တာကတော့ အားမကျပါနဲ့ ... ကိုယ့်အိမ်အခြေအနေကိုယ်ပြန်ကြည့်ကြပါဦး...
ကိုယ့်အိမ် အခြေအနေက အဲ့လိုပေးလိုက်လို့၇တဲ့အခြေအနေမျိုးလား..... အဲ့လိုပေးလိုက်ရင် ဘာဖြစ်သွားမလဲ .... ပွဲလန့်တုန်းဖျာခင်းမယ့်လူ
တွေကလည်းအများကြီး.... ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကိုအသုံးချပြီး ထင်ရာစိုင်းဖို့ တာဆူနေတဲ့လူတွေလည်းအများကြီးပါ ။ သာဓက တွေလည်း
၇ှိပြီးသားပါ... ဒီမှာကြည့်ပါ ( http://drlunswe.blogspot.com/search?updated-max=2011-09-26T21%3A09%3A00%2B07%3A00&max-results=12 )
 လူပျက်ကို ဇာဂနာ ပြောသလို အိပ်ထဲက စိုက်ပေးရတာတော့ မဟုတ်ပါဘူး... ဒါပေမယ့် လိုချင်သလောက်သာယူတော့ဆိုပြီးပေးလိုက်မယ်ဆို၇င် အဲ့လိုလူမျိုးတွေကို
လုပ်ချင်ရာလုပ်ဖို့အတွက်အခွင့်အရေးပေးလိုက်သလိုမျိုးဖြစ်သွားမှာ ပါ။
ကိုဇာဂနာ မစဉ်းစားမိတာလား... စဉ်းစားမိရဲ့သားနဲ့ တမင် အစိုးရကိုအမြင်ကတ်လို့ပြောတာလားဆို တာ ကိုဇာဂနာတယောက်ဘဲသိမှာဖြစ်ပါတယ်....
ကျွန်တော့် အနေနဲ့ကိုဇာဂနာ ကို အကြံပေးချင်တာက ကိုဇာဂနာ ဟာ မြန်မာကျော် အနုပညာရှင် တယောက်ဖြစ်ပါတယ်... ကိုဇာဂနာ လိုလူတယောက်ပြောတဲ့
စကားကိုပြည်သူတွေက အဟုတ်အမှန်ထင်ကြမှာပါ.... အဲ့ဒီ လိုအခြေအနေမျိုးမှာ ကိုဇာနာကသာ တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင် တိုင်းပြည်ကို
တကယ်တိုးတက်စေချင်တယ်ဆိုရင် ... တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ အုပ်တချပ် သဲတပွင့်အဖြစ် ပါဝင်ဆောင်၇ွက်တဲ့အနေနဲ့  မိမိ ပုဂ္ဂလိက
အမုန်းအာဃာတ ကြောင့် ဖြစ်ပေါ်လာတဲ့ တိုင်းပြည်မြောင်းထဲေ၇ာက်အောင်တွန်းပို့သလိုမျိုးဖြစ်ပေါ်စေတဲ့ စကားလုံးမျိုးကို တက်နိုင်သမျှမပြောမိအောင်
်ထိန်းသိမ်းပေးပါလို့ အကြံဥာဏ်ပေးစေချင်ပါတယ်.....

Tuesday, September 13, 2011

Guardian သတင်းစာကြီးက ဒေါ်လာစားများ အမွှမ်းတင်နေကြသော The Lady ရုပ်ရှင်ကို ချာတူးလန် ဟုဝေဖန်

ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည် ဘ၀အကြောင်း The Lady ရုပ်ရှင်ကတော့ ပေါ့ပေါ့ပျက်ပျက်နဲ့ ဘာခံစားချက်မှလည်းမပေး၊ သာမန် အရပ်သူတယောက်ရဲ့ ရုပ်ရှင်ကား တကားမျိုးထက် ဘာမှ မပိုဘူးလို့ The Guardian သတင်းစာက ဝေဖန်ပါတယ်။
 စကားပြောခန်းတွေက အသက်မပါ၊ သရုပ်ဆောင်ချက်တွေကလည်း ခံစားချက် ကင်းမဲ့နေလို့၊ ရုပ်သံဇာတ်လမ်းတွဲ အဖြစ်နဲ့တောင် ပရိတ်သတ်ရဖို့ ခက်မယ်လို့ မှတ်ချက်ပေးပါတယ်။
ဒီနှစ်ထဲမှာ အချာဆုံး ဇာတ်ကားတွေဖြစ်တဲ့ Madonna ရိုက်ကူးတဲ့ W.E ရုပ်ရှင်။ Roland Emmerich ရဲ့ Anonymous။ အခု The Lady ရုပ်ရှင်သုံးကားမှာ The Lady က အချာတကာ့ အချာဆုံးလို့ ဆိုပါတယ်။
ဇာတ်လမ်းဖွင့်ဖွင့်ချင်း ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အခန်းနဲ့ စလိုက်တာကိုက ဒီဇာတ်ကားနဲ့ မဆိုင်သလိုပဲလို့ မှတ်ချက်ပေးပါတယ်။ တခါ အဲဒီကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေဆီကို ခုန်ကူးသွားပြီး၊ အောက်စ်ဖို့ ဆေးရုံက အခန်းတခန်း၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲလစ် (David Thewlis) တယောက် နောက်ထပ် အလွန်ဆုံး ၅ နှစ်ပဲ အသက်ရှင်ရတော့ မယ်ဆိုတဲ့ သတင်းဆိုးကို ကြားတဲ့ ဇာတ်ဝင်ခန်း။
အဲဒီနောက် မိုက်ကယ်အဲလစ်ရဲ့ အမွှာဖြစ်တဲ့ David Thewlis က မိုက်ကယ် အဲလစ်ဆီကို လူနာလာကြည့်ဖို့ရောက်လာ။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ပြန်ခေါ်ဖို့ အကြံပြုတာကို မိုက်ကယ်အဲလစ်က မကြား။ လွန်ခဲ့တဲ့ ၁၀ နှစ်က ယောက္ခမဖြစ်တဲ့ ဒေါ်ခင်ကြည် အသည်းအသန်ဖျားတဲ့ အချိန်ကို ပြန်ပြောင်း သတိရတဲ့ နောက်ကြောင်းပြန် ပြကွက်တွေဆီ ရောက်သွား။
နောက် ၁၉၈၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေ...။
မြန်မာပြည်မှာ အဓိကရုဏ်းတွေဖြစ်လာတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပညာတတ်တွေက ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်ဖို့ မေတ္တာရပ်နေကြတဲ့အချိန်၊ တဖက်မှာ အစိုးရကလည်း ဒီမိုကရေစီ လှုပ်ရှားမှုကို ရက်ရက်စက်စက်နှိမ်နင်းနေ။
ဇာတ်လမ်းက အောက်စဖို့နဲ့ မြန်မာပြည်၊ နောက်တခါ မြန်မာပြည်က လူထုတွေ တခဲနက် ထောက်ခံနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လမ်းထောင့်ဆိုင်တဆိုင်မှာ စပျစ်သီးခြောက်ဝယ်နေပုံရတဲ့ မိုက်ကယ် အဲလစ်တို့ကို တလှည့်စီ ပြပါတယ်။
ဒါပေမဲ့ ထူးဆန်းတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ မိုက်ကယ်အဲလစ်တို့ရဲ့ ဘ၀နောက်ကြောင်းတွေ ဘာတခုမှ မပါတာပါ။ နောက်ထပ် ဘာမှ စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေ မပါတော့ဘဲ ဒေါ်အောင်ဆန်းစုကြည်က လူထု ခေါင်းဆောင် ဖြစ်လာ၊ ဒါကို မိုက်ကယ်အဲလစ်က ထောက်ခံ။ ထောက်ခံတာကလည်း ဘောလုံးပွဲ တပွဲကို အားပေးသလိုမျိုး။ တဘ၀လုံး အန္တရာယ်ကျရောက်တော့မယ့် လှလှပပ (ဇနီးသည်) တယောက်ကို ထောက်ခံတဲ့ ပုံစံမျိုးမဟုတ်။
ဇာတ်လမ်းထဲက ဆွေးနွေးချက်တွေက တိုနှံ့နှံ့၊ ကလီရှေး။ ဗိုလ်ချုပ်ကြီးကိုလည်း အာဃာတကြီးကြီး၊ အယူသည်းသည်းနဲ့ ဗေဒင်ဆရာ ညွန်ကြားတဲ့အတိုင်း ဆုံးဖြတ်ချက်တွေ ချတတ်တဲ့ ယူဂန်ဒါသမ္မတဟောင်း Idi Amin ပုံစံမျိုး ပုံဖော်၊ ဒါတွေပါပဲတဲ့..။
ဒေါ်အောင်ဆန်းစုကြည်က အနစ်နာခံတဲ့လမ်းကို ဘာကြောင့်ရွေးပြီး၊ ခင်ပွန်းဖြစ်သူက ဘာကြောင့် ခွင့်ပြုသလဲဆိုတာတွေကိုလည်း ရုပ်ရှင်တကားလုံးမှာ တခါမှ ရှင်းမပြ။ မှန်ကန်တဲ့ လုပ်ရပ်ဆိုရင် ဘာကြောင့် မှန်ကန်မှန်းလဲ ပရိသတ်က မသိရ။
ဒေါ်အောင်ဆန်းစုကြည် အဖြစ်သရုပ်ဆောင်တဲ့ မင်းသမီး Michelle Yeoh ရဲ့ သရုပ်ဆောင်ချက်က မြင့်မြတ်ပေမယ့် ထီးထီးကြီး။ မင်းသား David Thewlis က ကြိုးစားပေမယ့်လည်း ဇာတ်ရုပ်နဲ့ သူနဲ့က မလိုက်ဖက်။
အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ကို ဇာတ်လမ်းထဲမှာ ဇာတ်လမ်းကျောရိုးနဲ့ မဆီလျော်ဘဲ ဂွကျကျထည့်ထားတဲ့ ကိစ္စအပြင်၊ ဒီဇာတ်လမ်းထဲက မိဘနဲ့ သားသမီးတွေကြားက ဆက်ဆံရေးပြကွက်တွေကလည်း လက်ခံနိုင်စရာ မရှိဘူးလို့ သဂါဒီယန်းက မှတ်ချက်ပေးပါတယ်။
တကယ်တမ်း အသက်ဝင်တဲ့ ဇနီးမောင်နှံအကြောင်းရိုက်တဲ့ ဇာတ်ကားက အသက်ဝင် နေဖို့ကောင်းပေမယ့် အခု The Lady ရုပ်ရှင်ကို ရိုက်ထားပုံကို ကြည့်လိုက်ရင်၊ ဇာတ်ကားနာမည်ကိုတောင် ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် စူပါစတား အိမ်ရှင်မ Aung San Suu Kyi: Housewife Superstar လို့သာ နာမည်ပြောင်း သင့်တယ်လို့ သဂါးဒီးယန်းက ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။
တနင်္လာနေ့ (စက်တင်ဘာ ၁၂) မှာတော့ The Lady ကို ကနေဒါရုပ်ရှင်ပွဲတော်မှာ စပြပါတယ်။ မကြာခင်မှာ တကမ္ဘာလုံးကို ရုံတင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို သရုပ်ဆောင်ထားတဲ့ မင်းသမီး Michelle Yeoh ကတော့ မီဒီယာနဲ့ ပရိသတ်ကအားပေးရင် အော်စကာဆုရဖို့ မျှော်မှန်းထားတယ်လို့ သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဖူးပါတယ်။
မြန်မာသရုပ်ဆောင်တွေအတော်များများလည်း ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင် ထားကြတာရယ်၊ မြန်မာပြည်အကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဇာတ်ကားဖြစ်လို့ မြန်မာပရိတ်သတ် အတွက်တော့ ကြည့်ကိုကြည့်ရမယ့် ဇာတ်ကား ဆိုတာကတော့ သေချာပါတယ်။
မြန်မာလူထုခေါင်းဆောင်ကိုလည်း အားနာပါရဲ့...။ တကယ်ကြည့်ပြီး တော့မှပဲ ဂါးဒီးယန်းသတင်းစာက ပြောတဲ့အတိုင်း ဟုတ်မဟုတ်၊ ကိုယ်တိုင် အကဲဖြတ်ကြပါတော့ဗျို့...။

ညီစောလွင်
ရည်ညွန်း -- www.guardian.co.uk



(http://www.maukkha.org/index.php?option=com_content&view=article&id=1811:-the-lady-&catid=120:2010-10-11-07-37-22&Itemid=374)  မှကူးယူဖော်ပြသည်

Sunday, September 4, 2011

ဇာတ်လိုက်ကျော်အမေရိကန်

ကမ္ဘာပေါ်မှာ စစ်သုံးစရိတ်အများဆုံးနိုင်ငံက အမေရိကန်နိုင်ငံကြီးဖြစ်ပါတယ်။
သူများအစိုးရတွေ စစ်သုံးစရိတ်များလို့ ဝေဖန်ရင် လည်း ထိပ်ဆုံးက ဝေဖန်တဲ့သူက လည်း အဲ့ဒီ့ကိုေ၇ွှအမေရိကန်ကြီးဘဲဖြစ်ပါတယ်။
ကိုေ၇ွှအမေရိကန်ကြီးကအမြဲတမ်းပြောပါတယ်။အထူးသဖြင့်လူစုံတဲ့အခါမျိုးပေါ့(သတင်းစာရှင်းလင်းပွဲတို့၊ကုလသမဂ္ဂအထွေထွေညီလာခံ)
တို့လိုနေရာမျိုးတွေမှာပေါ့ လူ့အခွင့်ေ၇းတို့ ၊ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ ၊လူသားချင်းတန်းတူဆက်ဆံ၇မယ်တို့။ ကိုေ၇ွှအမေ၇ိကန်ကြီးကပြောသာပြောတာ
လက်တွေ့အလုပ်နဲ့တော့ ဆန့်ကျင်ဘက်ကြီးဖြစ်နေပါတယ်.။ သူပြောသလိုမျိုး လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိတာကို လက်ခံပါတယ်။
လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိ၇င်။ လူတိုင်းဟာကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၇ှိမှာပါ။ လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်၇ှိ၇င် မိသားစုတစုမှာလည်း
မိသားစုပိုင်လွတ်လပ်ခွင့်တော့၇ှိမှာပေါ့။ ကိုယ့်မိသားစု အိမ်တွင်းေ၇းကိုယ့်ဘာသာ ဘဲဖန်တီးကြရမှာပေါ့။ အဲ့လိုမိသားစုတိုင်းမှာလွတ်လပ်ခွင့်၇ှိ၇င်
၇ပ်ကွက်တခုလုံး ၊ တမြို့လုံး၊ တနိုင်ငံလုံး မှာသူတို့လွတ်လပ်ခွင့်နဲ့ သူတို့ ကြမ္မာဖန်တီးခွင့်သူတို့မှာ၇ှိမှာပါဘဲ။ နိုင်ငံရဲ့ ပြည်တွင်းရေးကို အဲ့ဒီနိုင်ငံကလူ
တွေနဲ့ အဒီ့နိုင်ငံရဲ့အစိုးရ ဘဲဖြေရှင်း၇မှာဖြစ်ပါတယ်။ အဲ့ဒါမှလည်း ကိုရွှေအမေရိကန်ကြီးပြောတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဆိုတာမျိုးဖြစ်လာမှာပေါ့ ။ ဒါပေမယ့် ဇာတ်လိုက်ကျော်
ကိုရွှေအမေရိကန်ကြီးက တော့ စင်ပေါ်မှာဘဲ ကိုယ်ပိုင်လွတ်လပ်ခွင့်တို့၊ လူ့အခွင့်ေ၇းတို့ ဆိုပီးအော်တာပါ။ တကယ်တမ်းလက်တွေ့မှာ တော့ နိုင်ငံတိုင်းရဲ့
ပြည်တွင်းရေးကို သူဝင်ေ၇ာက်ချယ်လှယ်ပြီး ဆုပ်ကိုင်ထားခြင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် အခုလက်၇ှိ လစ်ဗျားလိုနိုင်ငံမျိုးကိုဘဲကြည့်ပါဦး သူ့နိုင်ငံပြည်
တွင်းရေးကို သူကိုယ်တိုင် ဖြေရှင်းလို့မရတော့ပါဘူး၊ ကျွန်တော်တို့ ရဲ့ဇာတ်လိုက်ကျော်ကြီးက သူ့၇ဲ့ ခါးပိုက်အိပ်ထောင်တပ်ကြီးဖြစ်တဲ့ NATO(North Atlantic Treaty Organization)
အဖွဲနဲ့ လစ်ဗျားနိုင်ငံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကဲ သူပြောတဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဘယ်ေ၇ာက်သွားပြီလဲ။ နေတိုး အဖွဲ့တွေ လေကြောင်းက တိုက်ခိုက်၇တာ
လစ်ဗျားနိုင်ငံအစိုးရကြောင့် လစ်ဗျားပြည်သူတွေ အများကြီးသေတာကို လူသားချင်းစာနာထောက်ထားလို့ဆိုပီး ပြောခဲ့ပါတယ်။  ဒါပေမယ့်လက်တွေ့မှာတော့ နေတိုးအဖွဲ့တွေရဲ့
လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတွေ ၇ာနဲ့ချီပြီးသေဆုံးနေပါတယ်။ ဒါ ပေမယ့်ဇာတ်လိုက်ကျော်ကြီးကတော့ အဲ့ဒီအကြောင်းတွေမျက်ကွယ်ပြုပီး ကဒါဖီ အစိုး၇ပြုတ်
ကျရေးဆိုပြီး အသံလွှင့်ပြီး ဆက်လက် တိုက်ခိုက်နေတုန်းဘဲဖြစ်ပါတယ်။ ပြည်သူတွေလည်းဆက်လက်သေဆုံးနေတုန်းဘဲဖြစ်ပါတယ် ။ ဇာတ်လိုက်ကျော်ကြီး ရဲ့ အဓိကရည်၇ွယ်ချက်
ကတော့ ကဒါဖီအစိုး၇ဖြုတ်ချေ၇းထက် သူရဲ့လက်ဝေခံနိုင်ငံတနိုင်ငံ တိုးေ၇းနဲ့ ကမ္ဘာပေါ်မှာ အဓိက လောင်ဆာဖြစ်တဲ့ ရေနံစိမ်း ၇၇ှိေ၇းဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ဇာတ်လိုက်ကြီး
က သူအတွက်အကျိုးအမြတ်မ၇ှိ၇င် ဘာမှမလုပ်ပါဘူး။ သူအတွက်အကျိုးအမြတ်မ၇ှိဘူး ဆို ဘယ်နိုင်ငံ ဘယ်လောက်ဘဲဆိုးဆိုး အဲ့ဒီနိုင်ငံ အဲ့ဒီ ဒေသအတွက် စိုးရိမ်မိတယ်ဆိုသ လောက်ဘဲ
ပြောပါတယ်။ ဥပမာ မြောက်ကို၇ီးယားလို့ နိုင်ငံမျိုးကို ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီး က ဘယ်တုန်းကမှ ၀င်တိုက်မယ်လို့မပြောဖူးပါဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီးက ကောင်းကောင်း
သိပါတယ် အဲ့လိုနိုင်ငံမျိုးကို တိုက် လို့၇ှိ၇င် ဘာမှ ၇မှာမဟုတ်ဘူးဆိုတာ သူကောင်းကောင်းသိပါတယ်။ အဲ့ဒီအတွက် ဘယ်တော့မှ သူမတိုက်ပါဘူး။ တခုတော့၇ှိတယ် သူကိုယ်တိုင်မတိုက်ပေမယ့်
သူများကိုတော့တဖက်လက်နဲ့လှည့်ပီး တိုက်ခိုင်းနေပါတယ် ။ တောင်ကို၇ီးယားနဲ့ပူးပေါင်းပီး မြောက်-တောင် ကို၇ီးယား နယ်စပ်မှာ စစ်ေ၇းလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။ အဲ့ဒါ ကျွန်တော်တို့
ဇာတ်လိုက်ကျော်ကြီး ရဲ့ မဟာဗျူဟာဘဲဖြစ်ပါတယ်။ အခုကျွန်တော်တို့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်ေ၇နံအထွက်နှုံး ဆို၇င်လည်း လစ်ဗျားနိုင်ငံ လို ထိပ်ဆုံးစာ၇င်းထဲမှာမပါပါဘူး။ ကျောက်စိမ်းဆိုလည်းဒီလိုပါဘဲ။
အဲ့ဒီ့အတွက် ကျွန်တော်တို့နိုင်ငံကို ဇာတ်လိုက်ကြီးက ဘယ်တော့မှ ၀င်မတိုက်ပါဘူး။ သို့ပေမယ့် ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက ကျွန်တော်တို့ဆီက ရချင်တာတခုတော့၇ှိပါတယ်။
အဲ့ဒါဘဲလဲဆိုတော့ ကျွန်တော်တို့နိုင်ငံ ကိုချကျွေပြီး တ၇ုတ်နိုင်ငံ ၇ဲ့ တိုးတက်မှုနှုံး ကို ထိန်းချုပ်ချင်တာပါ။ တ၇ုတ်နိုင်ငံကိုပူးသတ်ချင်တာပါ ။ အဲ့ဒါက ဘယ်လိုမျိုးလည်းဆို၇င် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွား တာ နယ်စပ်ဒေသတွေ မှာ ဆူပူပြီး ခွဲထွက်
ခွင့်တောင်းတဲ့အခါ ပြတ်ပြတ်သားသား မထိမ်းချုပ်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ပြတ်ပြတ်သားသားမထိန်းချုပ်ခဲ့တာလဲဆို၇င် အဲ့ဒီ အချိန်မှာ ရုရှားကို အုပ်ချုပ်တဲ့ သမ္မတ ဂိုဘာေ၇ှာ့ ဟာ ငြိမ်းချမ်းေ၇း
နိုဘယ်လ်ဆု၇ထားလို့ပါဘဲ။ အဲ့ဒီ လိုပါဘဲ တ၇ုတ်လိုနိုင်ငံမျိုးကို တိုးတက်မှုနှောင့်နှေးအောင် လုပ်ဖို့အတွက်ဆို၇င် တ၇ုတ်ရဲ့နယ် စပ် ဒေသတွေ မတည်ငြိမ်ဖြစ်အောင် အ၇င်ဆုံးလုပ်၇မယ်ဖြစ်ပါတယ် ။ အဲ့လိုမတည်ငြိမ်တာ ဟာ တ၇ုတ်နိုင်ငံရဲ့တိုးတတ်မှုကို ဆုတ်ယုတ်စေ
မှာပါ။  အဲ့ဒီ့အတွက် တ၇ုတ်နိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့နိုင်ငံတွေ ဖြစ်တဲ့ မြန်မာနိုင်ငံ နဲ့ မြောက်ကို၇ီးယား နိုင်ငံ တွေ ဟာ ကျွန်တော်တို့ဇာတ်လိုက်ကြီး ၇ဲ့ နယ်၇ုပ်လေးတွေဖြစ်လာပါတယ်။ နယ်၇ုပ်လေးတွေဖြစ်
တဲ့ ကျွန်တော်တို့နိုင်ငံနဲ့ မြောက်ကို၇ီးယားနိုင်ငံတွေကို သူတို့သြဇာခံနိုင်ငံဖြစ်အောင်လို့ လုပ်ဖို့က သူ့ရဲ့ပထမ ခြေလှမ်းဘဲဖြစ်ပါတယ်။ အဲ့ဒီအတွက်  မြောက်ကို၇ီးယားနိုင်ငံကို တောင်ကို၇ီးယားနဲ့ ၇န်တိုက်ပေးပါတယ်။
မြောက်ကို၇ီးယားကို ကမ္ဘာ့နိုင်ငံတွေနဲ့ ဆက်သွယ်လို့မ၇အောင်လို့ အမျိုးမျိုးခေါင်းစဉ် တပ်ပြီး ကမ္ဘာ့ နိုင်ငံတွေရဲ့အပြင်ဘက်ေ၇ာက်အောင် တွန်းပို့ပါတယ်။ အဲလိုမျိုး ဘဲ ကျွန်တော်တို့နိုင်ငံကို လည်း မတည်မငြိမ်ဖြစ်အောင်
ရည်၇ွယ်ချက်၇ှိ၇ှိ စီစဉ်ပါတယ်။ နယ်စပ်တွေမှာ ဒုက္ခသည် စခန်း အမည် ခံ သောင်းကျန်းသူတွေအတွက် အခိုင်အမာစခန်းတွေဆောက်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးဗိသုကာကြီးလို့ပြော၇လောက်တဲ့ ကုလသမဂ္ဂ
အထွေထွေအတွင်းေ၇းမှူးချုပ် လုပ်ခဲ့ဖူးတဲ့ ဦးသန့်တောင် မရခဲ့တဲ့ နိုဗယ် ဆုကို ဘာတခုမှ မယ်မယ်ရရ မလုပ်ရသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုပေးလိုက်ပါတယ်။ အဲ့ဒီလိုပေးလိုက်တာ ဟာ ကျွန်တော်တို့နိုင်ငံကို
ချယ်လှယ်ဖို့အတွက် ဇာတ်လိုက်ကျော်ကြီး ၇ဲ့ ပထမဆုံးေ၇ွ့တဲ့ အကွက်ပါဘဲ။ အဲ့လိုဒေါ်အောင်ဆန်းဆုကြည် နိုဗယ် ဆု၇သွားတဲ့အတွက် ဒေါ်အောင်ဆန်းဆုကြည်သာ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်လိုက်၇င်
ရုရှားကို ဂိုဘာရှော့ အုပ်ချုပ် ခဲ့စဉ် အခါက အစိပ်စိပ်အမွှာမွှာ ကွဲထွက်သလိုမျိုးကွဲထွက်မှာ အသေအချာဘဲဖြစ်ပါတယ်။ ကချင်၊ကယား၊ကရင်၊ချင်း၊မွန်၊ရခိုင်၊ရှမ်း၊၀ စတဲ့ ဒေသအသီးသီးက ခွဲထွက်ခွင့်တောင်းတဲ့
အခါကျ၇င် ငြိမ်းချမ်းရေးနိုဗယ်ဆုကြီး ဖင်ခုထိုင်ထားတဲ့ ဒေါ်အောင်ဆန်းဆုကြည်က ငြိမ်းချမ်းရေးအတွက်ဆိုပီး ငြိမ်းချမ်းစွာနဲ့ ခွဲထွက်ခွင့်ပေးမှာအသေချာဘဲဖြစ်ပါတယ်။ အဲ့ဒီ့အချိန်ကျ၇င် ကျွန်တော်တို့မြန်မာနိုင်ငံ
ဆိုတာလည်း ကမ္ဘာမြေပုံပေါ်မှာ ၇ှိတော့မှာမဟုတ်ပါဘူး။ အဲ့ဒီ့အခါ တ၇ုတ်၇ဲ့နယ်စပ်တွေထိစပ်နေတဲ့ ကချင်ကလည်းကချင်နိုင်ငံလုံခြုံရေးဆိုပီး စစ်အင်အားတိုးချဲ၊ ၀လည်းဒီလိုဘဲ ၊ရှမ်းလည်းဒီလိုဘဲ တိုးချဲ့မှာဖြစ်ပါတယ်။
အဲ့ဒီ့အခါ တ၇ုပ်ရဲ့နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုတွေဖြစ်လာမယ်ဆို တာ မလွဲဧကန်ဘဲဖြစ်ပါတယ်။ တ၇ုပ်နိုင်ငံနယ်စပ်တွေမတည်ငြိမ်ရင် တ၇ုတ်နိုင်ငံရဲ့ အချုပ်၊အာခြာ၊အာဏာ ဟာလည်း မတည်မငြိမ်ဖြစ်လာမှာပါဘဲ။
အဲ့ဒီလိုမတည်မငြိမ်ဖြစ်တဲ့အခါ တရုတ်နိုင်ငံရဲ့ပြည်တွင်းမှာ ဆူပူမှုတွေဖြစ်လာဖို့အတွက် အကြောင်းအရာရှိလာအောင်လို့ တရုတ်နိုင်ငံက ရာဇ၀တ်သားလို့သတ်မှတ်ထားတဲ့ လူ့ရှောင်ဘို ကို ငြိမ်းချမ်းရေးနိုဘယ်ဆု
ကောက်ပေးထားပါတယ်။ အဲ့ဒါကလည်း အမေ၇ိကန်နိုင်ငံရဲ့ ကမ္ဘာတခုလုံးကို ခြယ်လှယ်ဖို့အတွက် သူ့ရဲ့အစီအစဉ်တွေဘဲဖြစ်ပါတယ်။ အဲ့ဒီလိုအမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေ ကို ကြိုတင်မှန်းဆမိတဲ့ မြန်မာနိုင်ငံခေါင်းဆောင်
ပိုင်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည် အာဏာမရ၇ှိဖို့အတွက် အမျိုးမျိုးတားဆီးကြပါတယ် ။ တဖက်ကလည်းအမေ၇ိကန်နိုင်ငံကလည်း သူ့ရဲ့ရည်ရွယ်ချက်အောင်မြင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် အာဏာရအောင်
ဒုက္ခသည်အမည်ခံ နိုင်ငံရေးသမားများကို ထောက်ပံ့ငွေအလုံးအရင်းပေးပြီး နောက်ကနေကျောထောက်ခံလုပ်ပြီး ကျွန်တော်တို့နိုင်ငံပြတ်သုဉ်းဖို့အရေး ရည်၇ွယ်ချက်၇ှိ၇ှိ ထောက်ပံ့နေပါတယ်။ ငါးစာသာမြင်ပီး ငါးမျှားချိတ်မမြင်တဲ့
နိုင်ငံရေးသမားအမည်ခံ ပြည်ပြေးဒုက္ခသည် တချို့ကလည်းေ၇ှ့ရေးနောင်ေ၇း ဘာမှ မကြည့်ဘဲပိုက်ဆံရပြီးေ၇ာဆိုပီး ဘလော့အမျိုးမျိုးထောင် သတင်းဌာန အမျိုးမျိုးထောင်ပီး ကျွန်တော်တို့နိုင်
ငံတော် ကို အမျိုးမျိုး အပုပ်ချပါတယ် ။  တချို့ငါးစာကော ငါးမြှားချိတ်ကောမြင်တဲ့နိုင်ငံေ၇းသမားပြည်ပြေးတချို့ကလည်း ဘယ်သူသေသေ ငတေမာ၇င်ပြီးေ၇ာဆိုပီး အမျိုးမျိုး အော်ဟစ်ပြီး ဆန္ဒအမျိုးမျိုးပြ ၊ ကြေငြာချက်အမျိုးမျိုး
ထုတ်၊ ဆုတောင်းပွဲတွေအလီလီကျင်းပ ၊ အဖွဲ့တွေအမျိုးမျိုးဖွဲ့ ၊ ပြဇာတ်အမျိုးအမျိုးကျင်းပပြီး သူတို့ဝမ်းစာအတွက်သူတို့ဖြေရှင်းနေပါတယ်။ ဘယ်သူမှ တိုင်းပြည်ချစ်လို့ တိုင်းပြည်က ထွက်ပြေးကြတာမဟုတ်ပါဘူး။
ပိုက်ဆံလိုချင်လို့ တိုင်းပြည်ကထွက်ပြေးကြတာပါ။ အဲ့ဒါတွေအားလုံး ဟာ ကျွန်တော် အစ ကပြောခဲ့တဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး ရဲ့ လူ့အခွင့်ေ၇းဆိုပြီး အော်ပြီး သူများအချုပ်အခြာအာဏာ ကိုကြိုးကိုင်ခြယ်လှယ်
ချင်လို့ဖြစ်နေရတာပါ။ အချုပ်အနေနဲ့ပြောရရင် ဒီစာစုလေးကိုဖတ်ပြီး ပြည်ပေ၇ာက် ပြည်ပြေးနိုင်ငံေ၇းသမားတွေလည်း လက်တွေ့ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေကို အကောင်းမြင်မျက်စိနဲ့ကြည့်ပြီး အမေရိကန်ကြီးရဲ့
လက်ကိုင်တုတ်အဖြစ်မခံဘဲနဲ့ ကျွန်တော်တို့နိုင်ငံ တိုးတက်ဖို့အတွက် ကျားကန်ထောက်တဲ့တိုင်လေးတစ်ချောင်းဖြစ်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ....